ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ခွာသွားတဲ့ ဘင်္ဂါလီ အရေအတွက်သိန်းချီ ရှိနေပေမယ့် အမှန်တကယ် နေထိုင်ခဲ့ကြသူများကိုသာ စိစစ်လက်ခံဖို့ အစိုးရက ဆုံးဖြတ်ထားတယ်လို့ မြန်မာနိုင်ငံ

နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြောပါတယ်။ 

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်နေ့ ရခိုင်ခရီးစဉ်အတွင်း သံတမန်တွေကို ပြောခဲ့တာဖြစ်ပြီး တစ်ဖက်နိုင်ငံသို့ထွက်ခွာသွားသူများအား မြန်မာသက္ကရာဇ် ၁၉၉၂-၁၉၉၃ ခုနှစ် နှစ်ဖက်နိုင်ငံခြားရေးဝန်ကြီး များရဲ့ သဘောတူညီ ချက်များအရ မြန်မာနိုင်ငံအတွင်း ပြန်လည်လက်ခံမယ်လို့လည်း ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ခွာသွားသူများထဲမှပြန်လည်ဝင်ရောက်လာသူများကို စိစစ်လက်ခံရာမှာလည်း အရင်က စနစ်တကျစီစဉ်ထားတဲ့ သဘော တူညီချက်များအတိုင်း ပြန်လည်လက်ခံဖို့ နိုင်ငံတော်က ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ အဆိုအရ ဘင်္ဂလားဒေ့ရှ်မှာ မြန်မာနိုင်ငံကထွက်ပြေးလာတဲ့ ဘင်္ဂလီ အရေအတွက်စုစုပေါင်း ငါးသိန်းကျော် ခန့်ရှိပြီး အောက်တိုဘာ ၉ ရက် တနင်္လာနေ့ တရက်တည်းမှာတင် ဘင်္ဂါလီ တသောင်းကျော် ထပ်မံရောက်ရှိလာခဲ့ပါတယ်လို့လဲသိရပါတယ်။

သတင်းအရင်းအမြစ် - MCN TV News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။