မေရီလင်းမွန်ရိုး ဟာ နာမည်ကျော် အမေရိကန်မင်းသမီး နဲ့ မော်ဒယ် တစ်ယောက်ပါ။ မေရီလင်းမွန်ရိုး ကို ဂျွန်လ ၁ ရက်နေ့ ၁၉၂၆ ခုနှစ်မှာ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျယ်လိစ် မှာ မွေးဖွားခဲ့ပါတယ်။ ရာစုနှစ်ဝက်လောက်ကြာတဲ့ အထိ သူမရဲ့ ကျော်ကြားမှု ဟာ ဆက်လက်တည်ရှိနေခဲ့ပါတယ်။ သူမဟာ မိဘမဲ့ တစ်ဦးလည်းဖြစ်ပါတယ်။

မင်းသမီး မေရီလင်းမွန်ရိုး ဟာ အသက် ၁၆ နှစ်မှာ လက်ထပ်ခဲ့ပါတယ်။ ၁၉၄၄ ခုုနှစ် ဒုတိယ ကမ္ဘာစစ်ဖြစ်ချိန် သူမဟာ စက်ရုံတစ်ခုမှာ အလုပ်လုပ်နေရင်း First Motion Picture မှ ဓာတ်ပုံဆရာ တစ်ယောက် နဲ့ ချိတ်ဆက်မိကာ မော်ဒယ်အဖြစ်စတင်လုပ်ကိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ Twentieth Century Fox Columbia Pictures စတဲ့ နာမည်ကျော် ရုပ်ရှင်ကုမ္ပဏီ တွေနဲ့ ရုပ်ရှင်တွေစတင်ရိုက်ကူးခဲ့ပါတယ်။ ၁၉၅၃ ခုနှစ်မှာ တော့ မွန်ရိုးဟာ ဟောလီးဝုဒ် ရဲ့ အကျော်ကြားဆုံး မင်းသမီးဖြစ်နေပါပြီ။

မင်းသမီး မေရီလင်းမွန်ရိုး ရဲ့ ရှုပ်ထွေးပွေလီတဲ့ ဘဝဇာတ်ကြောင်း ကြောင့်လူအများ စိတ်ဝင်စားခြင်းခံခဲ့ရပါတယ်။ သူမဟာ စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်လွန်ခြင်း စတဲ့ စိတ်ရောဂါ ဝေဒနာတွေကြား ရုန်းကန်ခဲ့ရပါတယ်။ သူမဟာ လူသိရှင်ကြား မင်္ဂလာဆောင်နှစ်ခု ရှိခဲ့ပါတယ်။ တစ်ဦးကတော့ ဘေ့စ်ဘော စတား Joe DiMaggio နဲ့ နောက်တစ်ဦးကတော့ Arthur Miller ပါ။ သူတို့နှစ်ဦးလုံးနဲ့ လညး် ကွာရှင်းခဲ့ပါတယ်။ မွန်ရိုး ရဲ့ သေဆုံးခြင်းကို မိမိကိုယ်ကို အဆုံးစီရင်တာလို့ကောက်ချက်ချမှုတွေရှိပါတယ်။

Source: International Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။