အစားအသောက်တွေကို တာရှည်ခံအောင် Formalin တွေ ထည့်သုံးလေ့ ရှိကြပါတယ်။ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဌာနက Formalin တွေကို အစားအသောက်တွေမှာ ထည့်မသုံးဖို့ တားမြစ်ထားသောလည်း များသောအားဖြင့် တာရှည်ခံ အစားအသောက်တွေမှာ ထည့်သုံးနေကြတာကိုလည်း မကြာခဏ ကြားရပါတယ်။

Formalin က အရောင်မရှိဘူး။ အနံကတော့ ပျင်းထန်တယ်။ စက္ကူအိပ်တွေ၊ ပလပ်စတစ် အိတ်တွေ၊ အဝတ်အထည် တွေနဲ့ ဆေးကျောင်းတွေမှာ လက်တွေ့ စမ်းသပ် သင်ကြားဖို့ ရုပ်အလောင်းတွေကို မပုပ်မသိုးအောင် Formalin ကို အသုံးပြုကြပါတယ်။ တကယ်တမ်းတော့ အစားအသောက်မှာ Formalin ကို လုံးဝ အသုံးမပြုသင့်ပါဘူး။ 

Formalin ကို သုံးစွဲမိခြင်းဖြင့် ဆိုးကျိုးများစွာရှိပါတယ်။ ဒီဆိုးကျိုးတွေကတော့

အသက်ရှု လမ်း ကြောင်း ပိတ်ခြင်း၊ ကြပ်ခြင်း

ချောင်းဆိုးခြင်း

မူးဝေခြင်း

အော့အန်ခြင်း

ပန်းနာရင်ကြပ် ဖြစ်ခြင်း

ဗိုက်အောင့်ခြင်း

၀မ်းပျက်ဝမ်းလျောဖြစ်ခြင်း

Formalin ကို ထိမိ ကိုင်မိတဲ့ အခါ ယောင်ရမ်းခြင်း၊ ယားယံခြင်း

နောက်ဆုံး အသက်အန ္တရာယ် ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။ 

Formalin ကို ကြိုတင်ကာကွယ်နိုင်ရန်အတွက်

- အစားအသောက်ကို သင့်တင့်မျှတစွာ စားသုံးသင့်ခြင်း

- ပုံမှန်၊ အချိန်မှန် စားသောက်ခြင်း

- သန့်ရှင်းတဲ့ အစားအစာများ စားသုံးခြင်း

- လတ်ဆတ်တဲ့ အစားအစာများ စားသုံးခြင်း

- သဘာဝ စိုက်ပျိုးခြံထွက်များကို စားသုံခြင်း

- တတ်နိုင်သလောက် တာရှည်ခံ အစားအစာများကို ရှောင်ကြဉ်ခြင်း .. စတာတွေကို မဖြစ်မနေ ပြုလုပ်သင့်ပါတယ်။

အားလုံးပဲ ကျန်းမာရေး ဗဟုသုတများစွာ ရရှိပြီး သာယာပျော်ရွှင်သော နေ့ရက်လေးများကို ပိုင်ဆိုင်နိုင်ကြပါစေ … ။

သတင်းအရင်းအမြစ် - ဒေါက်တာ မင်းထင်အောင် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။