ဟာသဇာတ်ရုပ်နဲ့ရုပ်ရှင်လောကထဲ စတင်ဝင်ရောက်လာခဲ့တဲ့ သရုပ်ဆောင်ခင်လှိုင်ဟာ ခုချိန်မှာဆိုရင်တော့ အရမ်းကိုအောင်မြင်တဲ့သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်နေပါပြီ။ Original Gangsta 1 နဲ့ 2 ဇာတ်ကားတွေမှာ မြင့်မြတ်နဲ့အတူ အရမ်းမိုက်တဲ့ သရုပ်ဆောင် ချက်တွေနဲ့ ပရိတ်သတ်ကိုဖမ်းစားနိုင်ခဲ့တာဖြစ်ပါတယ်။ ပျော်ရွှင်စရာမိသားစုကို ပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းတဲ့ သားတွေနဲ့သမီးလေးကိုပိုင်ဆိုင်ထားသူလဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေက အကယ်ဒမီလွဲခဲ့ရတဲ့ နှမြောစရာသရုပ်ဆောင်ကောင်း တစ်ယောက်လဲ ဖြစ်ခဲ့ပါတယ်။

သရုပ်ဆောင်ခင်လှိုင်ဟာ ရုပ်ရှင်လောကနဲ့မရင်းနှီးခင်မှာ သူ့ကိုလက်တွဲခေါ်ပြီး ကူညီခဲ့တဲ့သူတွေကို ဒီနေ့မှာ ထုတ်ဖော်ပြီးကျေးဇူးတင်လိုက်ပါတယ်။ သရုပ်ဆောင် ဦးဧရာကတော့ ပထမဆုံးကျေးဇူးရှိသူပါလို့ပြောပြခဲ့ပါတယ်။ “ မြကျွန်းသူ ” ဆိုတဲ့ ရုပ်ရှင်ကားမှာပါဝင်ဖို့ကူညီပေးခဲ့သူပါတဲ့။ နောက်ပိုင်းတွေမှာ ဧရာဟာ ဒါရိုက်တာ ညီညီထွန်းလွင်နဲ့ မိတ်ဆက်ပေးပြီး ဇာတ်ကားတွေမှာ ပါဝင်စေခဲ့သူဖြစ်လို့ ကျေးဇူးရှိတဲ့သူ ပါလို့ဆိုပါတယ်။

နောက်ထပ်ကျေးဇူးရှိသူတစ်ယောက်ကတော့ ပရိတ်သတ်အချစ်တော် ဟာသမမလေး တက္ကသိုလ်ဂွမ်းပုံပဲဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ဟာလည်း မကြီး နဲ့ သား လို့ အပြန်အလှန်ချစ်စနိုးခေါ်ဝေါ်ကြသူတွေပါ။ တစ်နှစ်ပဲကွာပေမယ့် ရိုသေသမှုနဲ့ခေါ်ကြရင်း နှုတ်ကျိုးသွားတာလို့လည်းဆိုပါတယ်။ မဂွမ်းလို့ခေါ်ကြတဲ့ တက္ကသိုလ်ဂွမ်းပုံဟာဒါရိုက်တာ ဦးခင်ဇော်မျိုးနဲ့ မိတ်ဆက်ပေးရာကစလို့ ခင်လှိုင်ရဲ့အနုပညာလမ်းကြောင်းကို ထပ်မံပွင့်လန်း စေခဲ့သူပါ။ ကိုယ့်ရဲ့အမလိုဖြစ်သလို ကျေးဇူးရှင်လိုလဲဖြစ်တာမို့ ဇာတ်ကားရိုက်တဲ့အခါ နင်ပဲငဆ ပြောရမယ့်အခန်းတွေပါရင် အရင်ကန်တော့ပြီးတောင်းပန်ဖြစ်တယ်လို့လဲဆိုပါတယ်။

ကိုယ်ကသူ့ကိုဘယ်လိုပံ့ပိုးပေးရမလဲလို့စိတ်ကူးနေသလို သူကလဲထပ်တူပဲစိတ်ကူးနေတာ ဖြစ်လို့ ဇာတ်လမ်းတွေမှာအမြဲအတွဲညီကြပါတယ်လို့လဲပြောထားပါသေးတယ်။ မောင်ရင်းနှမစိတ်နဲ့ခင်မင်တဲ့ တက္ကသိုလ်ဂွမ်းပုံနဲ့အတူ ဇာတ်လမ်းတွေတွဲရိုက်ရတာ အဆင်ပြေပါတယ်ဆိုတဲ့ကိုခင်လှိုင်ကို ပရိတ်သတ်ကြီးအားပေးကြပါဦးလို့။

Source from Duwun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။