မုန်းသူမရှိ ပြည်သူ့အချစ်တော် ဂျင်းကောင်လို့ ချစ်စနိုးခေါ်တဲ့ သဘာဝမင်းသား ဖြစ်တဲ့ မြင့်မြတ်က ရင်သွေးလေးရဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။ မြင့်မြတ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ(၁၅)ရက်နေ့မှာ ချစ်သူဖြစ်သူနဲ့ ရန်ကုန်မြို့ NOVOTEL Hotel မှာ လက်ထက်ခဲ့တာ ဖြစ်ပြီး အခုဆိုရင် မင်္ဂလာသက်တမ်း (၈)လကျော်ပြီဖြစ်ပါတယ်။ မြင့်မြတ်ရဲ့ မင်္ဂလာပွဲကို အနုပညာရှင်များနှင့် ပရိသတ်များစွာကပါ တတ်ရောက်အားပေးခဲ့တာ ဖြစ်ပါတယ်။ မြင့်မြတ်တို့ ဇနီးမောင်နှံဟာ လောလောဆယ်မှာ ရင်သွေးလေး မရသေးပေမယ့် လိုချင်ပါတယ်လို့ ပြောပါတယ်။

ရင်သွေးလေးနဲ့ ပတ်သက်ပြီး သားယောင်္ကျားလေးလိုချင်ကြောင်းလည်း ပြောပါတယ်။ အင်တာဗျူးတစ်ခုမှာ မြင့်မြတ်က အခုလို ပြောထားပါတယ်။ “ရင်သွေးကတော့ လိုချင်ပါတယ်..။ ဒါပေမယ့် အခုလောလောဆယ်တော့ မရသေးပါဘူး..။ ကျွန်တော်ကတော့ ယောင်္ကျားလေး လိုချင်တာပေါ့” လို့ သားယောင်္ကျားလေး လိုချင်ကြောင်းကိုလည်း ပြောထားပါတယ်။ ပြည်သူ့ အချစ်တော် မြင့်မြတ် ရင်သွေးလေး ရရှိခဲ့ရင်လည်း မြတ်မြင့်ကို ချစ်ခင် အားပေးတဲ့ မြင့်မြတ် Fan တွေနဲ့ ပရိသတ်တွေကတော့ ရင်သွေးလေးကို အချစ်ပိုကြဦးမှာပါပဲ..။

ပရိသတ်အချစ်တော်မြင့်မြတ်ကတော့ ကျရာကာရိုက်တာများကို သဘာဝကျကျ သရုပ်ဆောင်နိုင်ပြီး အချစ်၊ အလွမ်း၊ ဟာသ၊ အက်ရှင် ကျရာဇာတ်ရုပ်ကို ပီပြင်နိုင်စွာ သရုပ်ဆောင်နိုင်တဲ့ မင်းသားတစ်လက်ဖြစ်ပြီး ပရိသတ်တွေကတော့ အချစ်ပိုခဲ့ရပါတယ်။ “ဇွတ်ကျား” ရုပ်ရှင်ဇာတ်ကားဟာ ပရိသတ် အားပေးမှုများကြောင့် Midnight Show တောင် တိုးမြှင့်ပြသခဲ့ရတယ်လို့ သိရပါတယ်။ ပရိသတ်တွေရဲ့ ရင်ထဲက အကယ်ဒမီ မင်းသားတစ်လက်လည်း ဖြစ်ပါတယ်။ လတ်တလောအနုပညာလှုပ်ရှားမှုတွေအနေနဲ့ကတော့ ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးနေပြီး ကြေညာများလည်း ရိုက်ကူးနေတယ်လို့ သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။