အနုပညာရှင်များ

လူမင်းရဲ့ အိမ်တက်မင်္ဂလာကို ဘယ်သူတွေ လာကြသလဲ ?

Khwar လွန်ခဲ့သော ၈ နေ့ က

လူမင်းကတော့ အိမ်တက်မင်္ဂလာကြွရောက်လာကြတဲ့ ဆရာသမား၊ဆွေမျိုးမိတ်ဆွေ၊အနုပညာညီအကိုမောင်နှမများအားလုံးကိုကျေးဇူးအထူးတင်ပါတယ် လို့ဆိုလိုက်ပါတယ် ။ အချိန်တိုအတွင်းမှာစီစဉ်ရတာမို့ဖိတ်ကြားဖို့ကျန်ခဲ့ရင် အနူးအညွတ်တောင်းပန်ပါတယ် လို့လည်း သူက ဆိုတာပါ ။

ပြီးတဲ့နောက်မှာတော့ အိမ်တက်မင်္ဂလာကို လာရောက်ခဲ့တဲ့ မိတ်ဆွေတွေနဲ့ အတူ တွဲရိုက်ထားတဲ့ ဓါတ်ပုံတွေကိုပါ မျှဝေပေးခဲ့ပါတယ် ။

ဗေဒါရောင်လေးနဲ့ မခင်စံပါယ်ဦးကတော့ ယဉ်ယဉ်လေးနဲ့ လှပနေတာပါ ။ 

အမှတ်တရအဖြစ် မိတ်ကပ်လိမ်းရာမှာလည်း အချိန်မလောက်လို့ မိတ်ကပ်မေဦးက ၁၅ မိနစ်နဲ့ အပြီး ပြင်ပေးခဲ့ရပေမယ့် တကယ့်ကို သပ်သပ်ရပ်ရပ်ကလေးနဲ့ လှပနေပါတယ် ။ အန်ကယ်လေးလို့ ချစ်စနိုးခေါ်ကြတဲ့ ဦးလူမင်းရဲ့ အိမ်တက်လေးကတော့ စည်စည်ကားကားလေးနဲ့ပဲပြီးဆုံးသွားခဲ့ပါပြီ ။ ရုပ်ရှင်သက်ကြီးပူဇော်ပွဲအတွက်လည်း အလှူငွေလှူဒါန်းခဲ့ပါတယ် ။ အဲဒီအလှုလေးကို ဘယ်သူတွေ လာကြပြီး ဘယ်လို ဖက်ရှင်တွေနဲ့ လှနေတယ်ဆိုတာ ကြည့်လိုက်ကြပါဦးနော် ... 

သတင်းအရင်းမြစ် : Lu Min

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။