အမေရိကန် နိုင်ငံ ရဲ့ တပ်မတော်ဌာနချုပ်ဖြစ်တဲ့ ပင်တဂွန်ဟာ လက််ရှိမှာ အမေရိကန် နိုင်ငံ ရဲ့ နျူးကလီးယားလက်နက် စွမ်းရည် နဲ့ အရေအတွက်၊ အရွယ်အစားကို မြှင့်တင်ရန် ယခုအချိန်ထိ စီမံကိန်းမရှိသေးဘဲ ဖြစ်နေပါတယ်။ တကယ်တော့ လက်ရှိ ရှိနေတဲ့ နျူးကလီးယားတပ်ဖွဲ့ကို ဆက်လက်ထိန်းသိမ်းဖို့တောင် အနိုင်နိုင်ဖြစ်နေပါတယ်၊ လက်ရှိတပ်ဖွဲ့ဟာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်အိုဟောင်းနေပါပြီ။

သမ္မတ ဒေါ်နယ်ထရန့် ဟာ သူ့ရဲ့ နျူးကလီးယား တပ်ဖွဲ့ကို အကောင်းဆုံး အနေအထားမှာ ရှိနေစေချင်ပါတယ်။ ဒါပေမယ့် လက်ရှိ ရှိနေတဲ့ နျူးကလီးယားတပ်ဖွဲ့ ဟာ သမ္မတ ဒေါ်နယ်ထရန့် လိုချင်နေတဲ့ အကောင်းဆုံးအနေအထား နဲ့ ဝေးကွာနေပါတယ်။ ဒါ့ကြောင့် အစိုးရဟာ ဒေါ်လာဘီလီယံ ရာပေါင်းများစွာကို နျူးကလီးယားလက်နက် စွမ်းရည် ကို မြှင့်တင်ရာမှာ သုံးစွဲဖို့ စီစဉ်နေပါတယ်။ လာမယ့်ဆယ်စုနှစ်တွေမှာ နျူးကလီးယားလက်နက် တွေကို အဆင့်မြှင့်တင်ခြင်း၊ အစားထိုးခြင်း၊ ထိန်းချုပ်ရေး နဲ့ အမိန့်ပေးခြင်း စနစ်တွေကို အဆင့်မြှင့်တင်သွားဖို့ရှိပါတယ်။ 

လက်ရှိမှာ အမေရိကန် နိုင်ငံမှာ နျူးကလီးယားလက်နက် ခန့်မှန်းခြေ ၄၀၀၀ လောက်ရှိပါတယ်။ အဲ့ဒီ့ထဲက ၁၈၀၀ ခန့်ဟာ ဒုံးပျံတွေနဲ့ ဗုံးကြဲလေယာဉ်တွေ၊ တိုက်လေယာဉ်တွေမှာ တပ်ဆင်ထားပါတယ်။ ကျန်တဲ့ အရေအတွက် ကတော့ အရန်အနေနဲ့ သိမ်းဆည်းထားပါတယ်။ ပိုင်ဆိုင်တဲ့ အတိအကျ နျူးကလီးယားလက်နက် အရေအတွက် ကိုတော့ အမေရိကန် က လျှို့ဝှက်ထားပါတယ်။ သမ္မတ ဒေါ်နယ်ထရန့် က "အမေရိကန် အနေနဲ့ နျူးကလီးယားလက်နက်စွမ်းရည်ကို အကြီးအကျယ် အဆင့်မြှင့်တင် တိုးချဲ့ရမယ်" လို့ ပြောကြားထားပါတယ်။

Source: AP News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။