ကုလသမဂ္ဂ ရဲ့ ယူနက်စကို အဖွဲ့ကြီးက ပါလက်စတိုင်းကို ပါ၀င်ခွင့် ပေးဖို့ မဲခွဲရာမှာ မကျေနပ်သဖြင့် အမေရိကန် နိုင်ငံ အနေနဲ့ ယူနက်စကို အဖွဲ့ကနေ နှုတ်ထွက်ဖို့ ပြင်ဆင်နေပါတယ်။ ဒီနှုတ်ထွက်မှုကို ကြာသပတေးနေ့့က အမေရိကန်တာဝန်ရှိသူတွေက အတည်ပြုပြောကြားခဲ့ပါတယ်။ အဆိုပါ နှုတ်ထွက်မှုကို တရားဝင်ကြေညာမလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

ယူနက်စကို အဖွဲ့ကြီးက ပါလက်စတိုင်းကို ပါ၀င်ခွင့် ပေးဖို့ မဲခွဲရာမှာ ပါလက်စတိုင်း ကို မပါ၀င်စေလိုတဲ့ အစ္စရေး နဲ့ အမေရိကန် တို့ ပါ၀င်တဲ့ မဟာမိတ် တွေ ထက် ပါလက်စတိုင်းကို ပါ၀င်စေလိုတဲ့ အာရပ်နိုင်ငံတွေနဲ့ သူတို့ကိုထောက်ခံသူတွေက ပိုများနေတာပါ။ ဒါ့ကြောင့် ပါလက်စတိုင်းကို မပါ၀င်စေချင်တဲ့ အမေရိကန် အနေနဲ့ ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ယူနက်စကို အဖွဲ့ကြီး နဲ့ ဆက်တိုက်အငြင်းပွားမှု ဖြစ်ခဲ့ရတာပါ။ ၂၀၁၁ ခုနှစ် ကလည်း အမေရိကန် ဟာ ယူနက်စကို အဖွဲ့ကြီးကို ငွေကြေးထောက်ပံ့မှု ရပ်တန့်ပစ်ခဲ့ပါတယ်။ အကြောင်းကတော့ ယူနက်စကို ဟာ ပါလက်စတိုင်းကို အဖွဲ့ဝင်အဖြစ်ပါ၀င်ရန် မဲခွဲဆုံးဖြတ်ခဲ့ကြလို့ပါ။

ကုလသမဂ္ဂ ရဲ့ ယူနက်စကို အဖွဲ့ကြီးဟာ ကမ္ဘာတစ်လွှား ယဉ်ကျေးမှု အမွေအနှစ်တွေ၊ ဓလေ့ရိုးရာတွေကို ကာကွယ်တဲ့ စီမံကိန်းတွေ အတွက် နာမည်ကြီးတဲ့ အဖွဲ့ကြီးပါ။ ထရန့်အစိုးရအဖွဲ့ဟာ ယူနက်စကို အဖွဲ့ကနေ နှုတ်ထွက်ဖို့ ပြင်ဆင်နေတာ လပေါင်းများစွာကြာပါပြီ၊ ဒီနှစ် မကုန်ခင်မှာ ဆုံးဖြတ်ချက်ချမယ်လို့မျှော်လင့်ရပါတယ်။ ယူနက်စကို မှာ တာဝန်ကျနေတဲ့ အမေရိကန် သံတမန်ပေါငး်များစွာ ကို လည်း အခြား အလုပ်တွေရှာထားကြဖို့ တိုက်တွန်းထားပါတယ်။ အမေရိကန်ဟာ ၁၉၈၀ ခုနှစ်ကလည်း ယူနက်စကို အဖွဲ့ကနေ နှုတ်ထွက်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ၂၀၀၃ ခုနှစ်မှာ တော့ အဖွဲ့ဝင်အဖြစ်ပြန်လည်ပါ၀င်ခဲ့ပါတယ်။

Source: AP News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။