အနုပညာရှင်များ

မကြာခင် မိဘနေရာရောက်ကြတော့မယ့် သဥ္ဇာနွယ်ဝင်းတို့ စုံတွဲ

goe လွန်ခဲ့သော ၂ လ က

ပရိသတ်တွေ ချစ်ခင်အားကျရတဲ့ အနုပညာရှင် စုံတွဲတွေထဲမှာ ကိုစတီဗင်လှနဲ့ သဥ္ဇာနွယ်ဝင်းတို့ ဇနီးမောင်နှံလည်း ပါဝင်ပါတယ်။ မင်္ဂလာဆောင်ခါစမှာ ဝေဖန်တိုက်ခိုက်မှုတွေကြုံခဲ့ရပေမယ့် နောက်ပိုင်းမှာတော့ ပရိသတ်တွေ အထူးသဖြင့် အမျိုးသမီးအများစုရဲ့ အားကျရတဲ့ စုံတွဲတစ်တွဲဖြစ်လို့ လာပါတယ်။

လက်ရှိအချိန်မှာတော့ သဥ္ဇာက ကိုယ်ဝန်လွယ်ထားရပြီး မကြာခင်မှာ မွေးဖွားတော့မှာဖြစ်ပါတယ်။ သားလေး လို့သိထားရပြီး နိုဝင်ဘာလမှာ မွေးဖွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ သားလေးမွေးဖွားလာရင် အစစအရာရာ အဆင်သင့်ဖြစ်နေဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေကြပြီး ပြီးခဲ့တဲ့ လအနည်းငယ်ကလည်း ကလေးအတွက် ပြည်ပခရီးထွက်ပြီး လိုအပ်တာတွေ သွားဝယ်ခဲ့ကြပါသေးတယ်။

မကြာခင်မှာ သားလေးကိုတွေ့ရတော့မှာ မလို့ မိဘနှစ်ဦးလုံးက ရင်ခုန်နေကြတယ်လို့ သိရပါတယ်။ သဥ္ဇာတစ်ယောက်က အိမ်ထောင်ပြုပြီး အနုပညာအလုပ်တွေ မလုပ်တော့ပေမယ့် သူမရဲ့ လူမှုစာမျက်နှာကတဆင့် ပရိသတ်တွေနဲ့ အမြဲထိတွေ့နေသူတစ်ဦးလည်းဖြစ်ပါတယ်။ တစ်ခါတစ်ရံ သူမရဲ့ ရုပ်ရှင်ကားတွေကို ပြန်share ထားတာမျိုးလည်း တွေ့ရပါတယ် ပရိသတ်ကြီးရေ။

Source: Thinzar Nwewin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။