အနုပညာရှင်များ

ပရိသတ်တွေကို မေးခွန်းထုတ်လိုက်တဲ့ ဒါရိုက်တာဝိုင်း

goe လွန်ခဲ့သော ၈ နေ့ က

"သူ နဲ့ ရိုက်ရင် အကယ်ဒမီရမယ်" လို့တောင် အနုပညာလောကရဲ့ တက်သစ်စတွေကြားမှာ နာမည်ကြီးတဲ့ ဒါရိုက်တာ ဝိုင်း ဖြစ်ပါတယ်။ ဇာတ်လမ်းဇာတ်အိမ် ခိုင်မာတဲ့ ဇာတ်ကားတွေကို ဖန်တီးရိုက်ကူးလေ့ရှိသူဖြစ်ပြီး ပရိသတ်အချစ်တော် ထပ်ဆင့်အကယ်ဒမီ ဖွေးဖွေး ရဲ့ လက်ဦးဆရာ တစ်ဦးလည်း ဖြစ်ပါတယ်။ 

ဝတ်မှုန်ရွှေရည် ဖွေးဖွေး စတဲ့ ထိပ်တန်းမင်းသမီး နှစ်ဦးလုံးဟာ ဝိုင်း ရိုက်တဲ့ ဇာတ်ကားတွေနဲ့ အကယ်ဒမီရခဲ့ကြတာဖြစ်သလို ယခုနှစ်မှာလည်း သူရိုက်တဲ့ကားနဲ့ မင်းသမီးနှစ်လက်က အကယ်ဒမီ တစ်ကြိုပြေးလို့နေပါတယ်။ အနုပညာလောကမှာ ယနေ့တိုင် ထိပ်တန်းမင်းသမီးတစ်လက်အဖြစ်ရပ်တည်နေတဲ့ အိန္ဒြာကျော်ဇင် (ရင်ဘတ်ထဲကထား) နဲ့ အချိန်တိုအတွင်း အကယ်ဒမီ ထပ်ဆင့်ရရှိထားသူ ဖွေးဖွေး (ရွှေကြာ/ 3 Girls) တို့ဖြစ်ပါတယ်။ 

ဒါရိုက်တာဝိုင်းကတော့ အူဝဲ အကယ်ဒမီရနိုင်တယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေဆိုထားပြီး ယခုတစ်ခါမှာတော့ ပရိသတ်တေကို ယခုလို မေးခွန်းထုတ်ထားတာတွေ့ရပါတယ်။

"ဘော်ဘော်တို့ကိုနည်းနည်းလေးမေးချင်ပါတယ်...

ပရိသတ်ေ်တော်များများချစ်တဲ့အူဝဲနဲ့ဖွေးစိန်တို့ကိုတနှစ်တည်းအကယ်ဒမီမှာယဉ်ပြိုင်တာမြင်ချင်ပါသလား...

...ဒါမှမဟုတ်.......

သူတို့နှစ်ယောက်တွဲပီးရိုက်တဲ့ရုပ်ရှင်ဇာတ်ကားမှာအတူတွဲသရုပ်ဆောင်တာမြင်လိုပါသလား....#wyneowncreator" ဆိုုပြီး ပရိသတ်တွေကို မေးခွန်းထုတ်ထားပါတယ်။ လက်ရှိမှာတော့ ဒ်ရိုက်တာဝိုင်းတစ်ယောက် ဖွေးဖွေး အလင်းရောင် တို့နဲ့အတူ "သမ္မတကြီးထံပေးစာ" ဇာတ်ကားရိုက်ကူးရေးအတွက် နယ်ရောက်နေတယ်လို့ သိရပါတယ်။

Source: Wyne

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။