"နတ်ရွာစံသွားသော ထိုင်းဘုရင်အား သမ္မတဦးထင်ကျော် သွားရောက်ဂါရဝပြု"
နိုင်ငံတော်သမ္မတဦးထင်ကျော်သည် နတ်ရွာစံသွားသော ထိုင်းဘုရင် ဘူမိဘောအဒူယာဒက်၏ဇာပနအား ဂါရဝပြုလုပ်ရန်အတွက် ယနေ့ (နိုဝင်ဘာ ၉ ရက်)တွင် ထိုင်းနိုင်ငံသို့ ရောက်ရှိနေကြောင်း သတင်းရရှိသည်။ သမ္မတဦးထင်ကျော်သည် ထိုင်းနိုင်ငံဒုဝန်ကြီးချုပ်နှင့်တွေ့ဆုံလျက်ရှိပြီး ယနေ့ညနေပိုင်းတွင် နေပြည်တော်သို့
ပြန်ထွက်ခွာမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးမှ တာဝန်ရှိသူတစ်ဦး ပြောသည်။
နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် အောက်တိုဘာ ၁၈ ရက်ကလည်း ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးသို့ လာရောက်၍ ထိုင်းဘုရင်နတ်ရွာစံခြင်း
အတွက် ဝမ်းနည်းကြောင်း လက်မှတ်ရေးထိုးခဲ့သည်။ သက်တော် (၈၈) နှစ်အရွယ် ထိုင်းဘုရင်ဘူမိဘောသည် အောက်တိုဘာ ၁၃ ရက်က နတ်ရွာစံခဲ့ခြင်းဖြစ်သည်။
Source: Facebook
Go Goe
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။