တနင်္ဂနွေနေ့ ညကတည်းက တောက်လောင်နေတဲ့ ကြီးမားပြင်းထန်ပြီး အလျင်အမြန် လောင်ကျွမ်းကူးစက်နေတဲ့ တောမီးဟာ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား နယ်တော်တော်များများ မှာ လောင်ကျွမ်းလျက်ရှိပါတယ်။ မီးတောက်တွေဟာ လျင်မြန်တဲ့ ရထားတစ်စင်း အလား လူနေအိမ်တွေကို လောင်ကျွမ်းသွားပြီး ပြာကျသွားစေခဲ့ပါတယ်။ တောမီးကြောင့် လူပေါင်း ၂၁ ဦးသေဆုံးခဲ့ပါတယ်။ အကြီးမားဆုံးမီးတောက်တွေကတော့ ဆန်ဖရန်စ္စကို မြောက်ပိုင်းမှာ လောင်ကျွမ်းလျက်ရှိပါတယ်။

"ကျွန်တော်တို့ အခုလို ကြောက်စရာကောင်းတဲ့ တောမီးမျိုး တစ်ခါမှ မကြုံဖူးပါဘူး" လို့ ကယ်လီဖိုးနီးယား မှာ ကြီးပြင်းခဲ့တဲ့ အသက် ၄၀ အရွယ် Trina Grant ကပြောကြားခဲ့ပါတယ်။ သူမရဲ့ မိဘတွေ ဖြစ်တဲ့ Atrhur နဲ့ Suiko Grant ဟာ တနလာင်္နေ့က သူတို့ရဲ့ အိမ်ကိုတောမီးလောင်ကျွမ်းရာမှ သေဆုံးသွားခဲ့ပါတယ်။ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား မှာ ပူပြင်းခြောက်သွေ့တဲ့ နွေရာသီကြောင့် တောမီးများ မကြာခဏ လောင်ကျွမ်းလေ့ရှိပါတယ်။

ဒီနှစ်မှာ လောင်ကျွမ်းတဲ့ တောမီးကတော့ အဆိုးရွားဆုံး ဖြစ်ပါတယ်။ ဒီနှစ်နွေရာသီ ရဲ့ အပူချိန်ဟာ စံချိန်တင်ပူပြင်းလွန်းပြီး လေတိုက်နှုန်းပြင်းထန်တဲ့ အတွက်ကြောင့် မီးပွားလေးကနေ ပြင်းထန်တဲ့ တောမီးအဖြစ် အလွယ်တကူ ရောက်ရှိသွားစေပါတယ်။ မီးသတ်သမား ၈၀၀၀ လောက် အဆိုပါ တောမီးကို ကြိုးစား ငြိှမ်းသတ်နေကြပါတယ်။ အမေရိကန်သမိုင်းမှာ တော့ လွန်ခဲ့တဲ့ ရာစုနှစ်အတွင်း ဒုတိယ လူအသေအပျောက် အများဆုံး တောမီးအဖြစ် စာရင်းဝင်ခဲ့ပါတယ်။

Source: The New York Times

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။