Facebook လူမှုကွန်ယက်ဟာ သုံးတတ်လျှင် အကျိုးရှိသလောက် မသုံးတတ်လျှင်အန္တရယ်အလွန်ကြီးမားလှပါတယ် ။ လူကောင်းတွေရှိနေသလို မသမာသူတွေလဲရှိနေတတ်တာမို့ပါ ။

ခု သရုပ်ဆောင် စွမ်း ရဲ့ ပရိတ်သတ် မိန်းကလေးတစ်ယောက်က စွမ်းနဲ့ Messager ကနေ စကားပြောထားတယ်ဆိုတဲ့ Chat list တွေကို ချပြရင်း စွမ်းက သူမကို မဖွယ်မရာတွေပြောဆိုတယ်လို့ စွပ်စွဲလိုက်တာပါ ။ အဆိုပါ အကြောင်းအရာကို ယုံသောသူများရှိကြသလို အကောင့်တုတွေလွယ်လွယ်လုပ်လို့ရနိုင်နေတာမို့ စွမ်းအစစ်ကပြောတာ မဖြစ်နိုင်ဘူးလို့ တွေးသော သူများလည်းရှိလာပါတယ် ။ 

နောက်ဆုံးမှာတော့ အမှုမှန်ပေါ်သွားခဲ့ပါပြီ ။ စွမ်းအကောင့်တုရဲ့လက်ချက်ဆိုတာကို စွမ်းက ပရိတ်သတ်တွေကို သက်သေချပြလိုက်တာပါ ။

စွမ်းက " လုပ်ရက်လိုက်တာညီမလေးရယ်

ဘယ်သူမှန်းမသိပေမယ့် ဒီအမှန်တရားကြီးပေါ်လာအောင်ရှာပေးတဲ့သူကို ကျေးဇူးတင်ပါတယ် .......

ပြောချင်တာတွေ လုပ်ချင်တာတွေကတော့ အများကြီးပဲ

ကျွန်တော်သည်းခံလိုက်ပမယ် ....." လို့လဲဆိုထားပါတယ် ။

အနုပညာသမား ဖြစ်ရတာလဲမလွယ်လှပါဘူးနော် ...

သတင်းအရင်းမြစ် Swan Zar Ni

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။