ခါးပိုက်နှိုက် နှစ်ဦးဟာ YBS 57 နှင့် YBS 7 ပေါ်တွင် ကျင်လည်လှုပ်ရှားနေသည့်အတွက်ကြောင့် ဖမ်းဆီးအရေးယူခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှသိရပါတယ်။ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း လုံခြုံရေး၊ ရပ်ရွာ အေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေး၊ မှုခင်းကြိုတင် ကာကွယ်ရေးနှင့် ဖြစ်ပွားသည့် မှုခင်းများကိုလည်း ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။ 

စက်တင်ဘာ ၁ရက်နေ့မှ စတင်၍ ခိုးမှု၊ လုယက်မှု၊ ခါးပိုက်နှိုက်မှု ကျူးလွန်သူများကိုလည်း ဖမ်းဆီးရမိရေး တစ်စိုက်မတ်မတ် ဆောင်ရွက်ရန် စွန်ရဲစီမံချက်အဆင့် ၄ ကို တိုင်းဒေသကြီး အတွင်းရှိ နယ်မြေများအတွင်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာလ အစောပိုင်းက အနာက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ မှူးရုံး၊ မှုခင်းဖော်ထုတ်ရေး တပ်ဖွဲ့ဝင်များက ခါးပိုက်နှိုက်မှုများ လျော့နည်း ကျဆင်းရေး ဆောင်ရွက်နေစဉ် ကျောက်တံတားမြို့နယ် ၊မြို့တော်ခန်းမရှေ့ ကားမှတ်တိုင်တွင် ခါးပိုက်နှိုက်မသင်္ကာသူ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်နေ တင်ဦးနှင့် ကျော်ညွန့်(ခ)ကျော်ကျော် တို့အား ကျောက်တံတားမြို့မရဲစခန်းသို့ ခေါ်ယူစစ်ဆေးအရေးယူနေတယ်လို့သိရပါတယ်။

စစ်ဆေး ပေါ်ပေါက်ချက်အရ တင်ဦးနှင့် ကျော်ညွန့်(ခ) ကျော်ကျော်တို့အား ကျောက်တံတား မြို့မရဲစခန်း (ပ) ၃၅၉/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉ (နှိုက်)/ကျင့် ၅၄ ဖြင့် အမှုရေးဖွင့်ကာ အရေးယူဆောင်ရွက်ခဲ့ပြီး သက် သေခံ ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့အနေဖြင့် သိမ်းဆည်းရရှိသည့် သက်သေခံ ပစ္စည်းများနှင့် စပ်လျဉ်း၍ ပိုင်ရှင်အစစ်အမှန် သိရှိနိုင်ရေးအတွက် ယာဉ်လိုင်းပေါ်တွင် ခါးပိုက်နှိုက်ခံရသူ ပိုင်ရှင်များအနေဖြင့် သက်ဆိုင်ရာ ရဲစခန်းများနှင့် ဆက်သွယ် ဆောင်ရွက်ကြပါရန် အသိပေး အကြောင်းကြား ထားကြောင်း သိရပါတယ်။ 

သတင်းအရင်းအမြစ်-The Ladies News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။