အောက်တိုဘာ ၁၁ ရက်နေ့ မြိတ်ခရိုင် တရားရုံးတွင် မြိတ်ခရိုင်၊ ကျွန်းစုမြိုနယ် ရေကန်အော်ကျေးရွာမှ အရွယ်မရောက်သေးတဲ့ မိန်းကလေး ငယ် ၃ ဦးအား အဓမ္မပြုကျင့်မှုသံသယနဲ့ ဖမ်းဆီးထားတဲ့ ကျောင်းထိုင် ဆရာတော် ကိုရုံးထုတ်စစ်ဆေး ခဲ့တယ်လို့ သိရပါတယ်။ 

လွန်ခဲ့တဲ့ ၈ လလောက်က ကျေးရွာ မှ အသက် ၁၁ နှစ်၊ ၁၂ နှစ်၊ ၁၃ နှစ် အရွယ်မိန်းကလေး ၃ ဦးကို မတရားပြုကျင့် ခဲ့တယ်ဆိုပြီး မိန်းကလေး တဦးရဲ့ ဖခင် ဖြစ်သူ ဦးဝင်းငယ်က ကံမော် ရဲစခန်း မှာ အမှုဖွင့် တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

ရေကန်အော်ကျေးရွာမှ ဒကာ ဦးအောင်မြင့်က “မိန်းကလေး ငယ် ၃ ဦးကို မတရားပြုကျင့်ထားတယ်။ အသက် ၁၁၊ ၁၂ နဲ့ ၁၃ နှစ်အရွယ် မိန်းကလေးငယ် တွေကို ကျူးလွန်ထားတယ်။ အဲဒီရွာမှာ ၃ ကြိမ်၊ တခြားရွာမှာ ၂ ကြိမ်၊ နောက်ရွာတရွာမှာလည်း ၁ ကြိမ် စုစုပေါင်း ၆ ကြိမ်လောက် ကျူးလွန်ထားတယ်။ ကျမ တို့အနေနဲ့ ခက်ခဲစွာ ဆောင်ရွက်ခဲ့ရတယ်။ သြဇာ ရှိတဲ့သူတွေ ငွေကြေးချမ်းသာတဲ့ သူတွေက နည်းမျိုးစုံနဲ့ ကာကွယ်ပေးထားတယ်။ သက်ဆိုင်ရာကလည်း သွားရောက်ဖမ်းဆီးတာ မမိဘူး။ ကျမ အနေနဲ့ မဟန ဆရာတော်ကြီးတွေကို လျှောက်တင်ခဲ့ရတယ်။ သာသနာရေး ဝန်ကြီးကို တင်ပြခဲ့ရတယ်။ ခရိုင် အတွင်းက ဆရာတော်ကြီး တွေရဲ့ အကူအညီကို ရယူပြီး ဆောင်ရွက်ခဲ့ရတာပါ။ ပြည်သူ့ ရဲတွေ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းကူညီမှုကြောင့် ၈ လကြာမှ ရုံးတင်နိုင်ခဲ့တာပါ။”ဆရာတော် ဟာ မတရား ဖမ်းဆီးခံခဲ့ရတာလို့ ပြောကြားခဲ့ပါတယ်။

သတင်းအရင်းအဖြစ်-DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။