သူမ ရည်းစားနှင့်ပြတ်သွားပြီ ဆိုပြီး ဖေ့ဘွတ်ပေါ်တင်ကာ ကြေညာခဲ့တဲ့ ဝါဆိုမိုးဦးဟာ သူမ လမ်းခွဲခဲ့ရတဲ့ အကြောင်းအရင်းကို ဖွင့်ဟလာပါတယ်။

အောက်တိုဘာလ ၂၁ ရက်နေ့မှာ သူမချစ်သူနှင့် လမ်းခွဲခဲ့ပြီး သူမ က single ဖြစ်သွားပါပြီဆိုပြီး ဖေ့ဘွတ်ပေါ်မှာ ဝါဆိုမိုးဦး တစ်ယောက် တင်ခဲ့ပါတယ်။ သူမ က သူ့ချစ်သူဟောင်းနှင့် ဘာမှ မသက်ဆိုင်တော့ကြောင်းရည်ရွယ်တဲ့ အနေနှင့်တင်ခဲ့တာပါဆိုတဲ့ ဝါဆိုမိုးဦးဟာ အဲ့ဒီတစ်ယောက်နှင့် ၁၀ လ လောက်တွဲခဲ့တယ်လို့ဆိုပါတယ်။

လမ်းခွဲရတဲ့ အကြောင်းအရင်းကလည်း တစ်ယောက်နှင့် တစ်ယောက် type မတူတဲ့အတွက်ကြောင့်သေချာစဉ်းစားဆုံးဖြတ်ပြီး နှစ်ဦး သဘောတူ လမ်းခွဲခဲ့တာလို့ဆိုပါတယ်။ သူမကတော့ ယခုလောလော ဆယ်မှာ အသဲကွဲရမဲ့ အစား သူမအခွေထွက်ဖို့သာ အစွမ်းကုန်ကြိုးစားနေတယ်လို့ဆိုပါတယ်။ ကားရိုက်တာတွေတောင်နားထားပြီး အခွေထုတ်ရန် အစွမ်းကုန်ကြိုးပမ်းနေတဲ့ ဝါဆိုရဲ့ သီချင်းခွေဟာ ဘယ်လိုမျိုးဖြစ်မလဲဆိုတာစောင့်ကြည့်လိုက်ရအောင်။

Source: myanmarcelebrity

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။