ပါးချိုင့်ပါတဲ့ ကောင်မလေးတွေက ပိုချစ်စရာကောင်းတယ်လို့ လူတော်တော်များများကပြောလေ့ရှိကြပါတယ်။ပါးချိုင့်လေးပါတော့ ကလေးဆန်ပြီး ချစ်စရာကောင်းတယ်ဆိုတာကတော့ အမှန်ပါ။ငါမှာပါးချိုင့်လေးရှိရင်ကောင်းမှာပဲ လို့အမြဲတွေ့မိတဲ့ တချို့အတွက် ယာယီပါးချိုင့် ပြုလုပ်နီးလေးကိုပြောခဲ့ပါရစေ။

သဘာဝလေ့ကျင့်ခန် (၃)မျိုး

ဒီလေ့ကျင့်ခန်းတွေက ပါးချိုင့်ထွက်လာနိုင်တယ်လို့ အတိအလင်းဖော်ပြထားခြင်းမရှိပါဘူး။ လူတစ်ဦးချင်းစီအပေါ်မူတည်ပြီးပြောင်းလဲနိုင်ပါတယ်။

၁။ပါးကျုံ့လေ့ကျင့်ခန်း

နှုတ်ခမ်းလေးကိုရှုံ့ပြီး ပါးကိုအတွင်းပိုင်းသို့ ကျုံ့ဝင်ထားပါ။ သံပုရာသီးစုပ်စားတဲ့အခါ ဖြစ်သွားတဲ့အနေအထားမျိုးပေါ့။ ပါးအတွင်းပိုင်းကျုံ့ဝင်ရလွယ်အောင် သွားတွေစေ့မထားရပါဘူးနော်။

၂။လက်ချောင်းတွေနဲ့ဖိထားမယ်

ပါးချိုင့်ဖြစ်စေချင်တဲ့၊ အနက်ဆုံးကျုံ့ဝင်နိုင်မယ့်နေရာမျိုးကို လက်ညှိုးနှစ်ဖက်နဲ့ဖိထားပေးပါ။

၃။နေရာပြန်ချိန်ပါ။

လက်ညှိုးနဲ့ဖိပြီးတဲ့အခါ ပြုံးလိုက်ပါ။ လက်ချောင်းတွေကိုမဖယ်သေးပါနဲ့။ ပြုံးပြီးတဲ့အခါမှ တကယ့်ပါးချိုင့်ဖြစ်နိုင်တဲ့နေရာမျိုးကိုချိန်ပြီး လက်ညှိုးလေးနဲ့ပြန်ဖိထားပါ။ မိနစ် ၃၀လောက်အဲ့ဒီ့အနေအထားမှာပဲထားပါ။

တစ်နေ့ မိနစ်(၃၀)လောက် ပါးချိုင့်တုလေ့ကျင့်ခန်းကိုပုံမှန်လုပ်ပေးပါ။ တစ်လလောက်ကြာရင် ထူးခြားချင်ထူးခြားသွားပါလိမ့်မယ်............

ချစ်စရာကောင်းတဲ့ ကောင်လေးကောင်မလေးတွေ ဖြစ်ကြပြီး ပျော်ရွှင်သောဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ.......ကျေးဇူးအများကြီးတင်ပါတယ်။

သတင်းအရင်းအမြစ်-MY style

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။