မန်ယူအသင်းဟာ လာမဲ့နွေရာသီအပြောင်းအရွှေ့မှာ စပါးအသင်းရဲ့တိုက်စစ်မှူး ဟာရီကိန်း ကို ပေါင် သန်း ၁၇၀ နဲ့ ခေါ်ယူရန် ပြင်ဆင်နေတယ်လို့ သိရပါတယ်။မန်ယူအသင်းဟာ ဟာရီကိန်းကို ခေါ်ယူရန် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အပြိုင်ကမ်းလှမ်းသွားရဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းကလည်း ဟာရီကိန်းကို ပေါင် သန်း ၁၇၀ နဲ့ပဲ ခေါ်ယူရန် ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။

အသက် ၂၄ နှစ် အရွယ်သာရှိသေးတဲ့ ဟာရီကိန်းဟာ လက်ရှိမှာခြေစွမ်းပြကစားနိုင်တဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။ဂိုးတွေဆက်တိုက်သွင်းယူနေတဲ့သူတစ်ယောက်လည်းဖြစ်ပြီး စပါးအသင်းကို အဆင့် ၃ နေရာထိရောက်အောင်လက်ရှိမှာ စွမ်းဆောင်ပေးထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဟာရီကိန်းဟာ လက်ရှိမှာ ပရီးမီယားလိဂ် ၇ ပွဲကစားထားပြီး ၆ ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။ဒါ့အပြင် ချန်ပီယံလိဂ်မှာ ၂ ပွဲကစားထားပြီး ငါးဂိုးထိသွင်းယူထားခဲ့တာလည်းဖြစ်ပါတယ်။မန်ယူအသင်းနည်းပြ မော်ရင်ဟိုကတော့ ဟာရီကိန်း ကို အိုးထရက်ဖို့စ် ကွင်းဆီ အရောက်ခေါ်ယူနိုင်မယ်လို့ မျော်လင့်နေတာလည်းဖြစ်ပါတယ်။ဟာရီကိန်းတစ်ယောက် စပါးမှာပဲ ဆက်နေမလား၊ မန်ယူ ၊ ရီးရဲလ် ဘယ်အသင်းဆီရောက်သွားမလဲဆိုတာတော့ စိတ်ဝင်စားဖို့ကောင်းနေပြီဗျာ

source - daily mail sports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။