အောက်တိုဘာလ ၁၃ ရက်နေ့မှာ Jung A ဟာ ချစ်စရာကောင်းတဲ့ သတို့သမီး ၀တ်စုံလေးနဲ့ သူမ ရဲ့ ဓာတ်ပုံတွေကို Instagram မှာ ပြန်လည်မျှဝေခဲ့ပါတယ်။ Jung A က “တကယ့်ကို စည်းလုံးတဲ့ အဖွဲ့ကို ပြပါဆိုလျှင် After School ကိုပြရမှာပါ။ အရမ်း အလုပ်များနေတဲ့ ကြားက Joo Yeon, Raina, Nana, Lizzy နဲ့ Kaeun တို့ဟာ သတို့သမီး ၀တ်စုံ အတွက် ဓာတ်ပုံ ရိုက်ကူးဖို့ လာရောက်ခဲ့ကြပါတယ်။ သူတို့ကို အရမ်းကျေးဇူးတင်ပါတယ်။” လို့ပြောကြားသွားပါတယ်။

“ကျွန်မ သူတို့အတွက် သူငယ်ချင်းကောင်းဖြစ်အောင် အမြဲကြိုးစားသွားမှာပါ။ ယခုလို အဖွဲ့သားတွေ တစုတစည်းထဲ မြင်တွေ့ရတာ ၀မ်းသာမိပါတယ်။” လို့သူမက ဆက်လက်ပြောကြားခဲ့ပါတယ်။ အသက် ၃၄ နှစ်မရှိပြီဖြစ်တဲ့ Jung A ဟာ After School အဖွဲ့နဲ့ စာချုပ်ထပ်မံ မချုပ်ဆိုဖြစ်ဘဲ ယခုအခါ Kiss Five အဖွဲ့အဖွဲ့ဝင် တစ်ယောက် ဖြစ်နေပါပြီ။

သူမ ဟာ အဖြူရောင် သတို့သမီး ၀တ်စုံလေးနဲ့ အရမ်းကို လှပနေပါတယ်။ သူမ ရဲ့ အခင်ဆုံးသူငယ်ချင်းတွေ ဖြစ်တဲ့ After School အဖွဲ့သားတွေဟာ ကာလာစုံ ၀တ်စုံလေးတွေ ၀တ်ပြီး Jung A ကို ၀န်းရံခဲ့ကြပါတယ်။ သူတို့ဟာ အရမ်းကို ချစ်စရာကောင်းပြီး လှပနေကြပါတယ်။

Source: Korean Entertainment

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။