မင်းသမီးချောရတနာတစ်ယောက်ကတော့ အခုဆိုရင်ပျော်ရွှင်စရာမိသားစုဘဝလေးနဲ့ အဆင်ပြေပြေလည်ပတ်နေပါပြီ။ “ ဥ ” ဇာတ်ကားနဲ့အကယ်ဒမီရရှိပြီးနောက်ပိုင်း အနုပညာ လုပ်ငန်းတွေနည်းပါးသွားတာကိုလဲတွေ့ရပါတယ်။ လတ်တလော Funny Family War ဆိုတဲ့ Show တစ်ခုမှာ တင်ဆက်သူအဖြစ်ပါဝင်နေတာကိုလဲတွေ့ရပါတယ်။ မိသားစုလိုက် နိုင်ငံခြားခရီးစဉ်တွေထွက်ပြီး ပျော်ရွှင်နေတဲ့ချောရတနာတို့ပုံရိပ်လေးကလဲ ကြည်နူးစရာပါပဲ။

ချစ်စဖွယ်သားလေး ကောင်းသုတဇော်ရဲ့ ချစ်စရာအမူအရာလေးတွေကို Facebook ပေါ်မှာ Video လေးတွေလဲတင်တတ်ပါသေးတယ်။ ပြီးခဲ့တဲ့ September 30 က ကျရောက်ခဲ့တဲ့ သူမရဲ့မွေးနေ့မင်္ဂလာမှာလဲ မွန်ဘုန်းကြီးကျောင်းတစ်ခုမှာ သံဃာ ၅၃ ပါးအတွက် နေ့ဆွမ်းလှူတန်းခဲ့ပါသေးတယ်။ ဒါ့အပြင် ရန်ကင်းကလေးဆေးရုံမှာလဲ တစ်နေ့တာအာဟာရအလှူကို ပြုခဲ့ပါသေးတယ်။

ညီမဖြစ်သူသန္တာဗိုလ်နဲ့လဲပွဲတွေအတူတက်တာကိုလဲတွေ့ရပါတယ်။ မွေးနေ့ပွဲရက်က Birthday Song အတူဆိုနေကြတဲ့ မိသားစုပုံရိပ်တွေကလဲ ကြည်နူးစရာပါပဲ။ ဓမ္မဒူတ အရှင်ဆေကိန္ဒ ဆရာတော်ကျောင်းမှာလဲ နေ့ဆွမ်းလှူတန်းထားပါသေးတယ်။ စေတနာ သဒ္ဒါတရားကောင်းပြီး အလှူတွေပြုနေတဲ့ အကယ်ဒမီဆုရှင် မင်းသမီးချောရတနာတို့ မိသားစုကို ပရိတ်သတ်တွေကလဲ သာဓုခေါ်နေကြမှာပါ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။