ပြည်သူ့အချစ်တော်လေး စိုးပြည့်က အခုဆိုရင် ကန်တော့ခံပုဂ္ဂိုလ်လေး ဖြစ်နေပါပြီ.. ပရိသတ်ကြီးရေ..တူဖြစ်သူ မြတ်သောမောင်လေးက သီတင်းကျွတ်အခါသမယမှာ လာရောက်ဂါရဝပြုကန်တော့ခဲ့တာ ဖြစ်ပါတယ်။ အောက်တိုလာ(၁၂)ရက်နေ့မှာ စိုးမြတ်နန္ဒာက သူမကို ကိတ်မုုန့်လာသင်ပေးပြီး လူကြီးတွေကိုလာကန်တော့ရင်း သူမကပါ လူကြီးတွေကို အတူရောကန်တော့ခဲ့ပြီး အစ်မဖြစ်သူ စိုးမြတ်နန္ဒာကို ကန်တော့ခဲ့တယ်လို့ သိရပါတယ်။ ထို့နောက်မှာတော့ တူဖြစ်သူ မြတ်သောမောင်ကလည်း သူမကို Bella ပစ္စည်းများနှင့် ပြန်လည် ကန်တော့ခဲ့တာ ဖြစ်ပါတယ်။ ပြည်သူ့အချစ်တော် မင်းသမီးချောလေး စိုးပြည့်သဇင်ကလည်း အစ်မဖြစ်သူ စိုးမြတ်နန္ဒာကို ဂါရဝပြုကန်တော့ခဲ့ပါတယ်။

စိုးပြည့်က သူမအသုံးပြုတဲ့ fb စာမျက်နှာမှာ အခုလို ရေးသားထားပါတယ်။ “ဒီနေ့မဒါကကိတ်မုန့်လာသင်ပေးတယ်.......လူကြီးတွေကိုလည်း မဒါနဲ့အတူရောကန်တော့တယ်..။(မုန့်ဖိုးထပ်ရမလားလို့ ?......ရပါပု) မဒါကိုလည်းကန်တော့.....တူတော်မောင်မြတ်သောမောင်ကလည်း bellaပစ္စည်းလေးတွေနဲ့ကန်တော့တယ်ဆိုတော့ကာ......ပျော်တယ်လေ ❤️ ❤️ ❤️ ” ရေးသားထားပါတယ်။ ချစ်စရာကောင်းတဲ့ မင်းသမီးချောလေး စိုးပြည့်ကတော့ တူ၊ တူမတွေရဲ့ ဂါရဝပြုကန်တော့တာကို လက်ခံရရှိနေပြီ ဖြစ်ပါတယ်။

ပရိသတ်အားပေးမှုများစွာကို ရရှိထားတဲ့ ပြည်သူ့အချစ်တော် စိုးပြည့်လေးက သူမရဲ့ ချစ်စရာကောင်းတဲ့ အပြုအမှုလေးတွေနဲ့ ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ် ချစ်ခင်အားပေးမှု အခိုင်အမာရှိထားတဲ့ မင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်။ သူမအသက်(၁၈)နှစ်အရွယ်မှာ “မိုးညအိမ်မက်မြူ” ရုပ်ရှင်ဇာတ်ကားနဲ့ ၂၀၀၉ ခုနှစ်မှာ အကောင်းဆုံးအမျိုးသမီးဇာတ်ပြုဆုနဲ့ အကယ်ဒမီရရှိခဲ့တာ ဖြစ်ပါတယ်။ လတ်တလောအနုပညာလှုပ်ရှားမှုတွေအနေနဲ့ကတော့ ဇာတ်ကားများ ရိုက်ကူုးနေပြီး ကြေညာများလည်း ရိုက်ကူးနေတယ်လို့ သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။