အောက်တိုဘာလ ၂၀ ရက်နေ့မှာကျရောက်မယ့်အဆိုတော် မာရဇ္ဇရဲ့ အသက်(၅၀)ပြည့် Brithday Show ပွဲလေးကို အရင်နှစ်တွေနဲ့မတူညီတဲ့ ပြင်ဆင်မှုလေးတွေလုပ်နေတယ်လို့သိရပါတယ်။ ယခု (၄) ကြိမ်မြောက် ပြုလုပ်မယ့် Birthday Show ပွဲလေးကို အရင်နှစ်တွေကလို အမျိုးသားကဇာတ်ရုံမှာကျင်းပမှာ မဟုတ်ပဲ ကန်တော်ကြီး Outdoor မှာပြုလုပ်မှာဖြစ်တဲ့အတွက် ပရိသတ်တွေအနေနဲ့လွတ်လွတ်လပ်လပ် သူနဲ့အတူသီချင်းတွေလိုက်ဆိုရင်းပျော်ရွှင်စွာပြုလုပ်သွားမယ်လို့သိရပါတယ်။ 

အဲ့ဒီပွဲလေးမှာ မရဇ္ဇ ရဲ့ အမာခံပရိသတ်တွေအနေနဲ့ သူရဲ့သီချင်းကောင်း အပုဒ် (၃၀) နားထောင်ရမှာဖြစ်ပြီး ပရိသတ်တွေနားထောင်ချင်တဲ့သီချင်းတွေရော သူကိုယ်တိုင်ရွေးချယ်ထားတဲ့သီချင်းကောင်းလေးတွေကိုပါသီဆိုဖျော်ဖြေသွားမယ်လို့သိရပါတယ်။မာရဇ္ဇရဲ့ ကိုယ်ပိုင် Band ဖြစ်တဲ့ Break Through Band ကတီးခတ်ပေးသွားမယ်လို့လဲသိရပါတယ်။

လက်မှတ်ဈေးနှုန်းလေးကိုလဲ ပရိသတ်တွေအတွက် အဆင်ပြေသင့်တင့် စေမယ့်နှုန်းထားလေးကိုစဉ်စီထားတယ်လို့သိရပါတယ်။ မရဇ္ဇကိုချစ်တဲ့ ပရိသတ်တွေအားလုံး လာရောက်အားပေးနိုင်အောင်လက်မှတ်ဈေးနှုန်းကို ၁၀၀၀၀ကျပ်နဲ့ စီစဉ်ပေးထားတယ်လို့သိရပါတယ်။ မနှစ်ကထွက်ရှိတဲ့ Audio CD ခွေလေးက လဲ VCD ကာရာအိုကေ အနေနဲ့ထွက်ရှိလာပြီးဖြစ်ပြီး ,ယခု Birthday Show လက်မှတ်ဝယ်ယူမယ့် ပရိသတ်တွေ ကို VCD ကာရာအိုကေခွေလေး လက်ဆောင်ပေးသွားမှာလဲဖြစ်ပါတယ်။

Source - မာရဇၨ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။