မန်စီးတီးအသင်းကနေယခုရာသီမှ ဝက်ဟမ်းအသင်းကိုပြောင်းရွှေ့လာခဲ့တဲ့ နောက်ခံကစားသမား ဇာဘလက်တာဟာ ဝက်ဟမ်းအသင်းရဲ့ အရေးပါတဲ့ အဓိကကစားသမားတစ်ဦးကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ဇာဘလက်တာပြောခဲ့တဲ့ အဓိက ကစားသမားတစ်ဦးကတော့ ဆာခိုပဲဖြစ်ပါတယ်။အန်ဒီကာရိုး၊ ဟာနန်ဒက်၊ လန်ဇီနီကို မရွေးချယ်ခဲ့ပဲ ဆာခိုဟာ ဝက်ဟမ်းအသင်းရဲ့ အဓိကအစိတ်အပိုင်း တစ်ခုဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဇာဘလက်တာက " ဆာခို ဟာ အသင်းရဲ့အဓိကအစိတ်အပိုင်းနေရာတစ်ခုမှာ ရှိနေပါတယ်။ဘာကြောင့်လဲဆိုတော့ သူဟာ အကောင်းဆုံး ကစားသမားတစ်ယောက်ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ ယုံကြည်လို့" ပါလို့ အသင်းပိုင် website ကနေ တဆင့်ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။ဆာခိုဟာ ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့တာဖြစ်ပြီး လက်ရှိမှာ ကြံ့ခိုင်မှုပြည့်ဝနေကာ ဝက်ဟမ်းအသင်းနဲ့ ပွဲထွက်ကစားဖို့ အဆင်သင့်ဖြစ်နေပြီလည်းဖြစ်ပါတယ်။

ဝက်ဟမ်းအသင်းဟာ ယခုနှစ်ရာသီမှာ ရလဒ်တွေထင်သလောက်မကောင်းခဲ့တာကြောင့် နိုင်ပွဲ ၂ ပွဲသာရရှိထားပြီး အဆင့် ၁၅ နေရာမှာ ရှိနေခဲ့တာလည်းဖြစ်ပါတယ်။ဆာခိုဟာ ဝက်ဟမ်းအသင်းနဲ့ ပြိုင်ပွဲစုံ ၆၂ ပွဲကစားခွင့်ရရှိထားပြီး ၂၃ ဂိုးသွင်းယူပေးထားနိုင်တဲ့ ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။

source - squawka football

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။