လာမယ့် tvN drama က ရိုက်ကူးတဲ့ “Revolutionary Love” မှာ မင်းသား Choi Siwon က မင်းသမီး Kang Sora နဲ့ ရုပ်ရှင်အတူရိုက်တုန်းက အတွေ့အကြံုတွေကိုပြောပြခဲ့ပါတယ်။ မင်းသား Choi Siwon က “ရုပ်ရှင်ထဲမှာ ကျွန်တော် မင်းသမီး Kang Sora ကို ကျွန်တော့် ပုခုံးပေါ်ကို ပွေ့ချီခဲ့ပါတယ်။ သူမ ကိုယ်ဟာ အရမ်းကို ပေါ့ပါးပါတယ်။” လို့ပြောကြားခဲ့ပါတယ်။

မင်းသား Choi Siwon က ဆက်လက်ပြီး “ကျွန်တော် သူ့ကို ရုပ်ရှင်ထဲမှာ ဂုန်းပိုးဖို့ လုပ်ခဲ့ပါသေးတယ်။ ဒါပေမယ့် နောက်နေ့ ရုပ်ရှင် ရှိတာကြောင့်လက်လျော့ခဲ့ပါတယ်။” လို့သူက ဆက်ပြောခဲ့ပါတယ်။ မင်းသမီး Kang Sora က ပြန်လည်ပြောကြားရာမှာ “ကျွန်မ အနေနဲ့ ရုပ်ရှင်ရိုက်ကူးရာမှာ သက်တောင့်သက်သာ ရှိပါတယ်။ မင်းသား Choi Siwon ဟာ ဗလတောင့်ပြီး ကြံ့ခိုင်တာကိုတွေ့ရပါတယ်” လို့ပြန်လည်ဖြေကြားသွားပါတယ်။

“Revolutionary Love” ဇာတ်ကားကို အောက်တိုဘာလ ၁၄ ရက်နေ့ မှာ KST ကနေ ထုတ်လွှင့်မှာပါ။ မင်းသား Choi Siwon ဟာ ဒီဇာတ်ကားမှာ အရမ်းကို တည်ကြည်ခန့်ညားနေပြီး၊ မင်းသမီး Kang Sora ဟာ လည်း အရမ်းကို ချစ်စရာကောင်းနေပါတယ်။ ပရိသတ်ကြီး ဒီဇာတ်ကားလေးကို စောင့်မျှော်ကြည့်ရှုပါဦး။

Source: Korea Entertainment

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။