ရုပ်ရှင်သရုပ်ဆောင် ကျော်ဇင်ထွဋ်(ရန်ကုန်ဖေချစ်) ဟာ သူ့ရဲ့ သမီးလေးအတွက် ဂုဏ်ယူနေပါတယ်။ သမီးလေးဖြစ်သူက နှစ်ဝက်စားမေးပွဲမှာ ဘာသာတိုင်းကို အဆင့်(A)နဲ့ အောင်မြင်ခဲ့တာ ဖြစ်တဲ့အတွက် ပျော်နေတာ ဖြစ်ပါတယ်။ သမီးလေး ဖြစ်သူ မြတ်ဧကရီကျော် က (ဆဋ္ဌမ)တန်းမှာ ပညာသင်ကြားနေတာ ဖြစ်ပါတယ်။ သမီးလေးအတွက် ပျော်နေတဲ့ အကြောင်းကို ကျော်ဇင်ထွဋ်က fb မှာ သမီးလေးနဲ့အတူ ဓာတ်ပုံများနင့် တင်ထားတာ ဖြစ်ပါတယ်။

သမီးလေးနဲ့အတူ ပျော်နေတဲ့ အကြောင်းကို ကျော်ဇင်ထွဋ်က သူအသုံးပြုတဲ့ fb စာမျက်နှာမှာ အခုလို ရေးသားထားပါတယ်။ “12-10-2017 ❤️ ❤️ ❤️ ရေးးးးးးး နှစ်ဝက်စာမေးပွဲမှာ ဖေချစ်Oh-oလေး All (A) အဆင့် နဲ့ အောင်ပြန်ပြီကွ ရေးးးးးးး ❤️ ❤️ ❤” လို့ ရေးသားထားတာ ဖြစ်ပါတယ်။ သမီးလေးနဲ့အတူ ရိုက်ထားတဲ့ ဓာတ်ပုံတွေထဲမှာ ကျော်ဇင်ထွဋ်တို့သားအဖနှစ်ယောက်ဟာ ပြုံးပျော်နေကြတာ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သမီးလေးဟာ ပညာရေးမှာလည်း ထူးချွန်သူတစ်ယောက်ဖြစ်ပါတယ်။

ယနေ့ အောက်တိုဘာ(၁၃)ရက်နေ့မှာ မြန်မာ့ရုပ်ရှင်နေ့ကအထိမိးအမှတ်အဖြစ် ကျင်းပပြုလုပ်တဲ့ မြန်မာရုပ်ရှင် သက်ကြီးပူဇော်ပွဲကို သွားရောက်နေတယ်လို့ သိရပါတယ်။ မင်းသမီး ရွှေပိုးအိမ်နဲ့ ပထမဆုံး တွေ့ဆုံတဲ့အကြောင်းကိုလည်း “13-10-2017 ချစ်ညီမလေး မရွှေပိုးအိမ် နှင့် ရန်ကုန်ဖေချစ်လေး အပြင်မှာ ပထမဦးဆုံး အကြိမ်တွေ့ အမှတ်တရ ဓါတ်ဓါတ် ❤️ ❤️ ” ဟု သူရဲ့ fb စာမျက်နှာမှာ ရေးသားထားပါတယ်။ ဇာတ်ရုပ်ကို သဘာဝကျကျ ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့ ဇာတ်ပို့ သရုပ်ဆောင် ကျော်ဇင်ထွဋ်ဟာ ပရိသတ် အားပေးမှု အခိုင်အမာရရှိထားတဲ့ အနုပညာရှင် တစ်ယောက်လည်း ဖြစ်ပါတယ်။ လတ်တလောအနုပညာလှုပ်ရှားမှုတွေအနေနဲ့ကတော့ ဇာတ်ကားများရိုက်ကူးနေတယ်လို့ သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။