ပရီးမီးယားလိဂ် ပွဲစဉ် ၈ အဖြစ် စနေနေ့ ညနေ ၆ နာရီ မှာ ယှဉ်ပြိုင်ကစားမဲ့ ပွဲကောင်းတစ်ပွဲဖြစ်တဲ့ လီဗာပူလ်းအသင်းဟာ အိမ်ကွင်းမှာ မန်ယူအသင်းကို လက်ခံကစားသွားရမှာလည်းဖြစ်ပါတယ်။မန်ယူအသင်းဟာ ၇ ပွဲကစားပြီးချိန်မှာတော့ ၆ ပွဲ နိုင် ၁ ပွဲသရေ ရလဒ်နဲ့ အဆင့် ၂ နေရာမှာရပ်တည်နေတာလည်းဖြစ်ပါတယ်။လီဗာပူလ်းအသင်းကတော့ ၇ ပွဲကစားပြီးချိန်မှာတော့ ၃ ပွဲနိုင် ၃ ပွဲသရေ ၁ ပွဲရှုံးရလဒ်ကို ရရှိထားခဲ့ဖြစ်ပြီး အဆင့် ၇ နေရာမှာ ရပ်တည်နေတာလည်းဖြစ်ပါတယ်။

လီဗာပူလ်းအသင်းရဲ့ နောက်ဆုံးငါးပွဲရလဒ်မှာ ၃ ပွဲသရေ ၁ ပွဲနိုင် ၁ပွဲရှုံးရလဒ်ကို ပိုင်ဆိုင်ထားတာလည်းတွေ့မြင်ရပါတယ်။မန်ယူအသင်းရဲ့ နောက်ဆုံးငါးပွဲရလဒ်မှာတော့ ရာနူန်းပြည့် ၅ ပွဲလုံးအနိုင်ယူထားတာလည်းဖြစ်ပါတယ်။မာနေး ကတော့ ဒဏ်ရာပြသာနာတွေကြောင့်ပါဝင်ကစားနိုင်မှာ မဟုတ်ပါဘူး။မန်ယူအသင်းရဲ့ နိုင်ပွဲဆက်နေမှုကိုတော့ လီဗာပူလ်းအသင်းရဲ့ ခံစစ်ကတော့ သတိထားကစားသွားရဖို့ ရှိနေတာလည်းဖြစ်ပါတယ်။

လီဗာပူလ်းအသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ ကော်တင်ဟို၊ ဆာလက်၊ ဖာမီနို၊ ဟန်ဒါဆင်၊ အမ်မရီကမ်၊ ချန်ဘာလိန်တို့ကို ထည့်သွင်းအသုံးပြုသွားဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။မန်ယူအသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ လူကာကူ၊ ရက်ဖို့စ်၊ မာတစ်၊ အမ်ခီတာယန်၊ မာတာ တို့ကို ထည့်သွင်းအသုံးပြုသွားဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။ရလဒ်တွေအနည်းငယ်ဆိုးဝါးနေတဲ့ လီဗာပူလ်းအသင်းက အိမ်ကွင်းမှာ အနိုင်ရယူသွားနိုင်မလား၊ မန်ယူအသင်းက နိုင်ပွဲဆက်အုံးမလားဆိုတာတော့ စောင့်ကြည့်သွားရမယ်ဗျာ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။