အိမ်ငှားနေထိုင်သူများ၊ ဧည့်သည်များအနေဖြင့် တစ်လနှင့်အထက် ကျော်လွန်နေထိုင်ပါက သတ်မှတ်နည်းလမ်းနှင့်အညီ သက်ဆိုင်ရာတာဝန်ရှိသူထံ အသိပေးအကြောင်းကြားရန် လိုအပ်ကြောင်း တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးမှ ပြောကြားခဲ့ပါတယ်။

''ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်မှာ ဧည့်စာရင်းတိုင်ကြားခြင်း ဥပဒေကို ဖျက်သိမ်းခဲ့ပြီး ဖြစ်ပါတယ်။ အဆိုပါ ဥပဒေပျက်ပြယ်သွား သော်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများမှာ တိုင်ချင်လဲရတယ်၊ မတိုင်ချင်လဲရတယ်ဆိုသော စနစ်တစ်ခု ဖြစ်ပေါ်နေပါတယ်။ သို့သော် နှစ်ချုပ်၊ လချုပ်နဲ့ အိမ်ငှားနေ ထိုင်သူတွေဟာ လုပ်ငန်းဆောင်တာ အချို့အတွက် ရပ်ကွက် အတွင်း နေထိုင်ကြောင်း ထောက်ခံစာတောင်းတဲ့အခါ ဧည့်စာရင်းတိုင်ကြားထားခြင်း မရှိတဲ့အခါမှာ ထောက်ခံစာ မထုတ်ပေးတဲ့အတွက်ကြောင့် အငြင်းပွားမှုတွေလည်း ဖြစ်ပေါ်နေရပါတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အနေဖြင့်လည်း ရပ်ကွက်အတွင်းမှာ မည်သည့်နေအိမ်မှာ မည်သူတွေ ဝင်ရောက် နေထိုင်ကြောင်း မသိတဲ့အတွက်ကြောင့် အခက်အခဲများလည်း ရှိနေပါတယ်။ 

အဆိုပါကိစ္စနှင့် ပတ်သက်၍ လုံခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပြန်လည်ဖြေကြားရာ၌ အိမ်ငှားနေထိုင် သူများ၊ ဧည့်သည်များအနေဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး များတွင် ဧည့်စာရင်းတိုင်ကြားရန် မလိုအပ်သော်လည်း တစ်လနှင့်အထက် နေထိုင်မည်ဆိုပါက သတ်မှတ်နည်းလမ်းနှင့်အညီ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ သို့ အသိပေးအကြောင်းကြားရမှာပဲဖြစ်ပါတယ်။ သက်ဆိုင်ရာ တရားဝင် အိမ်ငှားစာချုပ်၊ ကာယကံရှင်၏ မှတ်ပုံတင်မူရင်း၊ မိတ္တူတို့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် နေထိုင်ကြောင်း ထောက်ခံစာ ကိုလည်း ရယူနိုင်ကြောင်း သိရှိရပါတယ်။

သတင်းအရင်းအမြစ် - ထင်ပေါ်ဝင်း (ကမာရွတ်)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။