SBS ရဲ့ ဒရမ်မာ ဇာတ်ကားသစ်ဖြစ်တဲ့ “Return” မှာ မင်းသား Shin Sung Rok နဲ့ မင်းသမီး Go Hyun Jung တို့ဦးဆောင်ပါ၀င်ကြမှာပါ။ အောက်တိုဘာလ ၁၃ ရက်နေ့မှာ မင်းသား Shin Sung Rok ရဲ့ အေဂျင်စီဖြစ်တဲ့ JB Entertainment က ဒီဇာတ်လမ်းမှာ မင်းသား Shin Sung Rok ဟာ ဦးဆောင်မင်းသားအဖြစ် ပါ၀င်မှာဖြစ်ကြောင်းအတည်ပြုပြောကြားခဲ့ပါတယ်။

ဒီဇာတ်ကားမှာ မင်းသား Shin Sung Rok က Oh Tae Suk အဖြစ်ပါ၀င်သရုပ်ဆောင်မှာပါ။ မငး်သားဟာ ဒီဇာတ်လမ််းမှာ အိုင်တီကုမ္ပဏီတစ်ခုရဲ့ အကြီးအကဲ တစ်ယောက်အဖြစ်ပါ၀င်သရုပ်ဆောင်ထားပါတယ်။ မင်းသမီး Go Hyun Jung ကတော့ Choi Ja Hae အဖြစ် ပါ၀င်သရုပ်ဆောင်မှာပါ။ သူမဟာ ဒီဇာတ်လမ်းမှာ ၀င်ငွေနည်းပါးတဲ့ မိသားစုက ဆင်းသက်လာတဲ့ ရှေ့နေတစ်ယောက် အဖြစ်ပါ၀င်သရုပ်ဆောင်ထားပါတယ်။

ဒီ SBS ရဲ့ ဒရမ်မာ ဇာတ်ကားသစ်ဖြစ်တဲ့ “Return” ကို ဇန်နဝါရီလ မှ စတင်ထုတ်လွှင့်ဖို့ရှိပါတယ်။ မင်းသား Shin Sung Rok နဲ့ မင်းသမီး Go Hyun Jung တို့ကို အားပေးကြတဲ့ ပရိသတ်တွေ အတွက် သတင်းကောင်းလည်းဖြစ်ပါတယ်။

Source: Korea Entertainment

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။