အောက်တိုဘာ ၁၂ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံရှိ ရုရှားသံရုံးက ယခုလအတွင်း ရုရှားနိုင်ငံက ဖိလစ်ပိုင်နိုင်ငံကို AK - 47 သေနတ် အလက် ၅၀၀၀ ၊ကျည်ဆန် ၁ သန်းနဲ့ စစ်ဘက်ဆိုင်ရာ သုံး ကုန်တင်ကား အစင်း ၂၀ ကို အကြမ်းဖက်မှုနှိမ်နှင်းရန်အတွက် ကူညီထောက်ပံ့ပေးသွားမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ရုရှားနိုင်ငံမှ ကူညီထောက်ပံ့သွားမဲ့ လက်နက်များဟာ ယခုလ ၂၂ ရက်နေ့မှာ ဖိလစ်ပိုင်နိုင်ငံကို ရောက်ရှိမှာဖြစ်ပါတယ်။၂၅ ရက်နေ့မှာတော့ ဖိလစ်ပိုင်နိုင်ငံကို တရားဝင် လွှဲပြောင်းပေးသွားမှာဖြစ်တယ်လို့ ဖိလစ်ပိုင်နိုင်ငံကာကွယ်ရေးဝန်ကြီး Lorenzana က ပြောကြားခဲ့ပါတယ်။ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး Igor Khovaev ကတော့ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှာဖြစ်ပွားနေတဲ့ အကြမ်းဖက်အဖွဲ့အစည်းတိုက်ပွဲကို အစွမ်းကုန် ကူညီထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံ သမ္မတ ဒူတာတေးဟာ မတ်လ ၂၃ ရက်နေ့က ရုရှားနိုင်ငံသို့ အလည်အပတ်ခရီးသွားစဉ် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း Malawi မှာ အစိုရတပ်ဖွဲ့နဲ့ အကြမ်းအဖက်တို့ တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပြီး အကြမ်းအဖက်အဖွဲ့တွေက ထိုမြို့ကို သိမ်းပိုက်ခဲ့တာလည်းဖြစ်ပါတယ်။ဒါ့ကြောင့် ဖိလစ်ပိုင် သမ္မတ ဒူတာတေးဟာ အရေးပေါ်ပြန်လည် ရောက်ရှိလာခဲ့ပြီး အကြမ်းဖက်တွေကိုတိုက်ထုတ်ရန် ညွန်ကြားမှုတွေပြုလုပ်ပေးခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိချိန်မှာ အကြမ်းဖက်သမား ၈၀၀ ကျော်သေဆုံးခဲ့ပြီး၊ ရဲတပ်ဖွဲ့ဝင် ၁၆၀ သေဆုံးခဲ့တယ်လို့ ဖိလစ်ပိုင်နိုင်ငံ စစ်ဘက်ဆိုင်ရာက ထုတ်ပြန်ကြေညာခဲ့ပါတယ်

source - china xinhua news

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။