နှုတ်ခမ်းနီးမလေးတွေအသဲ ဖြစ်တဲ့ အဆိုတော်ရွှေထူးဟာ ‘‘စိတ်ကူးယဉ်စာအုပ်’’ ဆိုတဲ့တစ်ကိုယ်တော် တေးစီးရီးလေးထွက်ရှိထားပြီ ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့အဆိုတော်တစ်ဦးလဲဖြစ်ပါတယ်။ ရွှေထူးဟာ FMတွေမှာလဲသီချင်းတောင်းဆိုမှုအများဆုံးခံရတဲ့အဆိုတော်လဲဖြစ်ပြီးနေရာတိုင်းမှာ လဲသူရဲ့သီးချင်းလေးတွေကို ကြားနေရတာဖြစ်ပါတယ်။ 

ဒီနေ့ ကျရောက်တဲ့အောက်တိုဘာ ၁၃ရက် မှာ သန်လျင်မြို့နယ် ဝင်းခနီးကျေးရွာ အတွက် တေးသံရှင် ရွှေထူးမိသားစု ကောင်းမှူ စက်ရေတွင်းကုသိုလ် အလှူလေးလုပ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ မိခင်ဖြစ်သူ

ဒေါ်ယဉ်ကျေး နှင့် သား ထူးခန့် ( ခ) အဆိုတော် ရွှေထူး, သမီး ခင်ညိမ်းခန့် ,သားငယ်လေး ဇာတိမာန် တို့ရဲ့မိသားစုအလှူလေးဖြစ်ပါတယ်။ ရွှေထူးတို့မိသားစုအလှူလေးကို မြန်မာလူမှုဘဝတိုးတက်မြင့်မားရေးအသင်း မှတာဝန်ယူဆောင်ရွက်ခဲ့တယ်လို့လဲသိရပါတယ်။ 

လက်တလောအနုပညာလှုပ်ရှားမှု အနေနဲ့ နယ်ပွဲလေးတွေ သွားဆိုဖြစ်နေ ပြီး Shooting လေးလဲရိုက်ဖြစ်နေတယ်လို့သိရပါတယ်။မနက်ဖြန် အောက်တိုဘာ ၁၄ရက်မှာတော့ စင်္ကာပူမှာ သွားရောက်ဖျော်ဖြေမယ်လို့လဲသိရပါတယ်။

သတင်းအရင်းအမြစ် - Shwe Htoo Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။