နေဒွေးလို့ခေါ်တဲ့မင်းသားချောလေးကတော့ October 9 ရက်နေ့မှာ ၂၇ နှစ်ပြည့်သွားတာ ပဲဖြစ်ပါတယ်။ Video ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေရတဲ့ မင်းသားနေဒွေးဟာ သူ့ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ “ မျက်ရည်အနမ်း ” ဆိုတဲ့ဇာတ်ကားဟာ ဒီနေ့မှာထွက်ရှိလာ ပြီပဲဖြစ်ပါတယ်။ နေဒွေးရဲ့ ၂၇ နှစ်ပြည့်မွေးနေ့ပွဲလေးဟာ ဆုတောင်းပေးတဲ့ပရိတ်သတ်တွေ သူငယ်ချင်းတွေ မိသားစုဝင်တွေနဲ့ ပျော်ရွှင်စရာပြီးဆုံးသွားတာပဲဖြစ်ပါတယ်။

ဒီနေ့ 13.9.2017 မှာတော့ မွေးနေ့အလှူအဖြစ်နဲ့ ခွေးဂေဟာသို့ တစ်ရက်စာ အာဟာရဒါန ကို သွားရောက်လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။ မင်္ဂလာရှိတဲ့အရပ် ဇာတ်လမ်းတွဲကို မြင့်မြတ်၊ အောင်သူလွင် (Kelvin Kate)၊ မအေးသောင်းတို့နဲ့အတူရိုက်ကူးထားတာလဲဖြစ်ပါတယ်။ ပြည်ထောင်စုသစ္စာ ဇာတ်ကားမှာလဲ ဇာတ်ရုပ်ကိုပီပြင်အောင်သရုပ်ဆောင်သွားနိုင်တာကို လဲတွေ့ရပါတယ်။ ရိုက်ကွင်းတိုင်းမှာ မိခင်ကအမြဲပါတတ်ပြီး အမေကိုလဲအရမ်းချစ်တဲ့ Mama Boy လေးဆိုလဲမမှားပါဘူး။

ခွေးဂေဟာကိုသွားရောက်လှူဒါန်းစဉ် Live လွှင့်ခဲ့တဲ့ Video File လေးကိုလဲ အဆုံးမှာ တွဲတင်ပေးထားပါတယ်။ အနုပညာကြေးနဲ့လှူတာမို့ ပရိတ်သတ်တွေလဲ အတူတူပါတဲ့ ကုသိုလ်ပါလို့နေဒွေးကပြောခဲ့ပါသေးတယ်။ ပရိတ်သတ်တွေနဲ့အတူလဲအလှူလုပ်ဖို့စဉ်းစား နေပါတယ်တဲ့။ ခွေးဂေဟာရဲ့ တစ်ရက်စာအာဟာရအတွက် ငွေကျပ် (၄၀၀၀၀) ကို လှူဒါန်း ခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။