ယနေ့ အောက်တိုဘာ(၁၃)ရက်နေ့ဟာ မြန်မာ့ရုပ်ရှင်နေ့ နှင့် (၅၄)ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲ ကျင်းပတဲ့ နေ့ရက်ဖြစ်ပါတယ်။ မေတ္တာသင်္ဂဟအဖွဲ့ဟာ ရုပ်ရှင်သက်ကြီးပူဇော်ပွဲအတွက် နှင့် နှင်းဆီကုန်းဘိုးဘွားရိပ်သာ အတွက် အလှူငွေများ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ခန့်စည်သူတို့ မေတ္တာသင်္ဂဟ အဖွဲ့ဟာ မြန်မာ့ရုပ်ရှင်နေ့နှင့် (၅၄)ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲအတွက် အလှူငွေ (၁၀)သိန်းကို ပေးအပ်လှူဒါန်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ထို့နောက်မှာတော့ နှင်းဆီကုန်း ဘိုးဘွားရိပ်သာအတွက် အလှူငွေ(၁)သိန်းကိုလည်း လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

မေတ္တာသင်္ဂဟအဖွဲ့သားများမှ ရုပ်ရှင်သက်ကြီးပူဇော်ပွဲအတွက်နှင့် ဘိုးဘွားရိပ်သာကို လှူဒါန်းဖြစ်ခဲ့ခြင်းကို ခန့်စည်သူက သူအသုံးပြုတဲ့ fb စာမျက်နှာမှာ အခုလို ရေးသားထားပါတယ် ။ “ မြန်မာ့ရုပ်ရှင်နေ့နှင့်(၅၄)ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲ အတွက် အလှူငွေ(၁၀)သိန်းနှင့် နှင်းဆီကုန်းဘိုးဘွားရိပ်သာအတွက် အလှူငွေ(၁)သိန်းကို မေတ္တာသင်္ဂဟအဖွဲ့ဝင်များကိုယ်စား လှူဒါန်းခဲ့ကြပါတယ်။ သာဓုခေါ်ဆိုနိုင်ကြပါစေခင်ဗျာ။ ? ? ” ရေးသားထားပါတယ်။

မေတ္တာသင်္ဂဟအဖွဲ့ဟာ လှူဒါန်းမှုများကို မကြာခဏပြုလုပ်လေ့ရှိတာ ဖြစ်ပါတယ်။ ကျရာကာရိုက်တာကို ပီပြင်စွာသရုပ်ဆောင်နိုင်တဲ့ ခန့်စည်သူဟာ အကယ်ဒမီဆုရှင် အနုပညာရျင်တစ်ယောက်လည်း ဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှုတွေအနေနဲ့ကတော့ ဇာတ်ကားများရိုက်ကူးနေပြီး ကြေညာများလည်း ရိုက်ကူးနေတယ်လို့ သိရပါတယ်။ ခန့်စည်သူ ပါဝင်သရုပ်ဆောင်ထားတဲ့ “မယားကြောက်ရွာ” နှင့် “ပရိုဂျူဆာ မကြီးဆိုး” ဟာသရုပ်ရှင်ဇာတ်ကားများလည်း မကြာခင်ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။