(၁) အနုပညာစလုပ်တုန်းက နာမည်က Jun Ji Hyun မဟုတ်ပါဘူး။

Jun Ji Hyun အနုပညာအလုပ် စလုပ်တုန်းက Wang Ji Hyun လို့ လူသိများပါတယ်။ ၁၉၉၈ ခုနှစ်က Steal My Heart ဒရမ်မာဇာတ်ကားမှာ သရုပ်ဆောင်တော့ ပရိုဂျူဆာ Oh Jong Rok က Wang Ji Hyun ဟာ ခေါ်ရတာ ထောက်တဲ့အတွက် Jun Ji Hyun လို့ နာမည်ပြောင်းစေခဲ့ပါတယ်။

(၂) မင်းသမီးမဖြစ်ခင်က လေယာဉ်မယ်တစ်ယောက် ဖြစ်ချင်ခဲ့တာပါ။

Jun Ji Hyun ငယ်ငယ်တုန်းက flight attendant တစ်ယောက် ဖြစ်ချင်ခဲ့တာပါ။ ဒါပေမယ့် လေယာဉ်ပျံသန်းတဲ့ အတွေ့အကြုံအချို့ ရပြီးချိန်မှာတော့ လက်လျော့ခဲ့ပါတယ်။ အသက် ၁၆ နှစ်ယောက်မှာ သူငယ်ချင်းတစ်ယောက် မိတ်ဆက်ပေးရာကနေ မော်ဒယ်အဖြစ် စတင်လုပ်ကိုင်ရင်း အနုပညာလောကထဲ ရောက်လာခဲ့ပါတယ်။

(၃) My Sassy Girl အချစ်ဟာသဇာတ်လမ်းနဲ့ အောင်မြင်မှုတွေရခဲ့တယ်။

Mya Sassy Girl ဇာတ်ကားဟာ ရုပ်ရှင်ရုံတွေမှာ ဆယ်ပတ်အထိ တင်ထားရတဲ့အထိအောင်မြင်ခဲ့သလို နိုင်ငံတစ်ဝန်း လက်မှတ် လေးသန်းကျော် ရောင်းချခဲ့ရသလို ဆိုးလ်မှာတင် လက်မှတ် တစ်သန်း ခုနစ်သိန်းကျော် ရောင်းချခဲ့ရတဲ့အထိ အောင်မြင်ခဲ့ပြီး Jun Ji Hyun ရဲ့ My Sassy Girl ဟာ မကြည့်ဘူးသေးရင် မဖြစ်မနေကြည့်သင့်တဲ့ ရုပ်ရှင်ဇာတ်ကားပါ။

(၄) အချိန်အကြာကြီးခင်မင်ခဲ့တဲ့ သူငယ်ချင်းနဲ့ လက်ထပ်ခဲ့တယ်။

Jun Ji Hyun ဟာ သူနဲ့ အချိန်အကြာကြီး သူငယ်ချင်းဖြစ်ခဲ့တဲ့ Choi Joon Hyuk နဲ့ ဧပြီ ၁၃ ရက် ၊ ၂၀၁၂ ခုနှစ်မှာ ကမ္ဘာ့နာမည်ကျော် Shilla ဟိုတယ်မှာ လက်ထပ်ခဲ့ပါတယ်။ မင်္ဂလာခန်းမနေရာအတွက်တင် အနည်းဆုံး ဒေါ်လာ တစ်သိန်းလောက် ကုန်ကျပါတယ်။ Jun Ji Hyun ရဲ့ အမျိုးသားဟာ နာမည်ကျော် Hanbok ဒီဇိုင်နာ Lee Young Hee ရဲ့ မြေးလည်း ဖြစ်ပါတယ်။ လက်ထပ်ပြီး လေးနှစ်အကြာ ၂၀၁၆ ဖေဖော်ဝါရီလမှာတော့ သားဦးလေးကို မွေးဖွားခဲ့ပါတယ်။

(၅) ဟောလီးဝုဒ်မှာတော့ Jun Ji Hyun ကို Gianna Jun လို့ လူသိများပါတယ်။

၂၀၀၉ ခုနှစ်က Blood : The Last Vampire ဟောလီးဝုဒ် ဇာတ်ကားမှာ Jun Ji Hyun ပါ၀င်သရုပ်ဆောင်ထားပြီး အနောက်တိုင်းနာမည်အနေနဲ့ Gianna Jun ဆိုပြီး ခံယူခဲ့ပါတယ်။

(၆) Jun Ji Hyun ဟာ steamy kiss scenes များစွာ ရိုက်ကူးခဲ့ပါတယ်။

ခေါင်းဆောင်မင်းသားတွေနဲ့ steamy kiss scenes တွေနဲ့ ပြင်းပြင်းပြပြ ရှိလှတဲ့ ဇာတ်ဝင်ခန်းတွေကို ရိုက်ကူးခဲ့ပါတယ်။ အထူးသဖြင့်တော့ နာမည်ကျော်မင်းသား Kim Soo Hyun နဲ့ The Thieves ဇာတ်ကားထဲက ဇာတ်ဝင်ခန်းကို မှတ်မိကြမယ်ထင်ပါတယ်။

(၇) Jun Ji Hyun ဟာ ကြော်ငြာအတွက် Demand အများဆုံး အနုပညာရှင်တစ်ယောက် ဖြစ်ပါတယ်။

Jun Ji Hyun ဟာ ကြော်ငြာ ၁၄ ခု ရိုက်ကူးပြီး $11,500,000 million USD ၀င်ငွေရရှိတဲ့ တောင်ကိုရီးယား မင်းသမီး တစ်လက်လည်း ဖြစ်ပါတယ်။ တောင်ကိုရီးယားရဲ့ ကြော်ငြာလောကမှာ ထိပ်တန်းတစ်ယောက်ဖြစ်သလို Samsung, Lotte Duty Free နဲ့ တရုတ်ကုန်အမှတ်တံဆိပ်တွေကိုလည်း အရင်တုန်းက များစွာ ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။

Ref : koreaboo

Source : MSN 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။