နာပိုလီအသင်းရဲ့ ကြယ်ပွင့်ကစားသမား ဒရိုင်းမာတင်က မာရာဒိုနာ နဲ့ သူ့ကို မနိူင်းယှဉ်ကြဖို့ တောင်းဆိုခဲ့ပါတယ်။ဒရိုင်းမာတင်ဟာ လက်ရှိမှာ နာပိုလီအသင်းရဲ့ တိုက်စစ်မှာ အစ်ဇနီ၊ ကယ်လီဂျွန် တို့နဲ့ အတူတူ တွဲဖက်ကစားနေတာဖြစ်ပြီး ခြေစွမ်းပြ ဂိုးတွေသွင်းယူနိုင်တဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။လက်ရှိအီတလီစီးရီးအေမှာ နာပိုလီအသင်းကို ဇယားထိပ်ဆုံးမှာ ရပ်တည်ထားနိုင်အောင် စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။

ဒရိုင်းမာတင် က " မာရာဒိုနာဟာ အသင်းရဲ့ ဂန္ထဝင် ကစားသမားတစ်ဦးပါ။ဂိုးသွင်းနူန်းကိုတော့ သူနဲ့ ကျွန်တော်ကြားမှာ နိူင်းယှဉ်လို့ရပါတယ်။ဒါပေမဲ့ မာရာဒိုနဲ့တော့ မနိူင်းယှဉ်ကြပါနဲ့လို့" အင်တာဗျူး တစ်ခုမှ ပြောကြားသွားခဲ့တာလည်းဖြစ်ပါတယ်။မာရာဒိုနာဟာ ၇ နှစ်ကစားခဲ့ပြီး ၂၅၉ ပွဲကစားခဲ့ကာ ၁၁၅ ဂိုးသွင်းယူထားတာလည်းဖြစ်ပါတယ်။

ဒရိုင်းမာတင်က ဆက်လက်ပြီး" မာရာဒိုနာနဲ့ နိူင်းယှဉ်ခံရတဲ့အတွက် အရမ်းပဲကောင်းမွန်ပါတယ်။ဒါပေမဲ့ မာရာဒိုနာအပေါ်မှာတော့ လေးစာမှုရှိရမယ်လေ။ကျွန်တော်က ခုမှ အဆင့်တစ်ခုထိပဲရောက်ရှိနေသေးတာဖြစ်ပါတယ်။" လို့ ပြောကြားခဲ့ပါတယ် 

source - squawka football

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။