တစ်ချို့ကလေးတွေက အလွယ်တကူပင် စိတ်တိုလွယ်၊ ဒေါသကြီးလွယ်တတ်ကြပါတယ်။ ဒီလို တုံ့ပြန်ခြင်း၊ ပြုမူခြင်း၊ ဒေါသကြီးနေရခြင်းတို့က အချိန်ကြာလာတာနဲ့အမျှ ကလေးအတွက် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ စိတ်တိုပြီး ဒေါသထွက်လွယ်တဲ့ ကလေးက နှလုံးရောဂါ ဖြစ်နိုင်ချေ ပိုများပါတယ်။ ထို့ပြင် သွေးတိုးရောဂါလည်း ဖြစ်နိုင်တဲ့အပြင် အခြားသောရောဂါတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ကလေးငယ်လေးတွေ ဒေါသကြီးရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တာလေးတွေကို ကျန်းမာရေး ဗဟုသုတအဖြစ် ဖော်ပြပေးလိုက်ပါတယ်။ 

ဘာလို့ ကလေးတွေ ဒေါသကြီးရတာလဲ

- စိတ်အနေအထားပုံမှန် မဟုတ်တာမျိုး၊ စိတ်အနှောင့်အယှက် တစ်ခုခု ဖြစ်စေတာမျိုးကြောင့် ဖြစ်နိုင်ပါတယ်။

- စိတ်ပိုင်းဆိုင်ရာ ခံစားမှု ပုံမှန်မဟုတ်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

- ရောဂါအခြေအနေ တစ်ခုခုကြောင့် ဖြစ်နိုင်တယ်။ သူတို့ ခံစားနေရတဲ့ ရောဂါကို မပြောပြတတ်တော့ ဒေါသနဲ့ဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။

- အတူနေ မိသားစု၊ ပတ်ဝန်းကျင် ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

- ဆော့ကစားနေတဲ့ သူငယ်ချင်းပေါ် မူတည်ပြီးတော့လည်း ဒေါသကြီးတတ်ပါတယ်။

- ကလေးရဲ့ စိတ်ထဲမှာ စိတ်ဓာတ်ကျတာမျိုး ၊ ခက်ထန်တာမျိုး၊ စိတ်တိုပြီး တုံ့ပြန်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ဒီလိုအခြေအနေမျိုးမှာ မိဘတွေ၊ အုပ်ထိန်းသူတွေ အနေနဲ့ ဘယ်လို လုပ်သင့်လဲ ???

- ဘာကြောင့်ဖြစ်တာလဲ သေသေချာချာ သတိထားပြီး ပြုပြင်ပေးသင့်ပါတယ်။၏

- ဘာလို့ ဒီလိုပြုမူရလဲဆိုတာကို ပွင့်ပွင့်လင်းလင်း ပြောလို့ရအောင် ရင်ဖွင့်လို့ရအောင် ကိုယ့်ဘက်က လမ်းဖွင့်ပေးတာမျိုး ပြုလုပ်သင့်ပါတယ်။

- တကယ်လို့ ရောဂါ တစ်ခုခုကြောင့် ဆိုရင်တော့ ဒီရောဂါကို ကုသတာဖြစ်ဖြစ်၊ ဆရာဝန်နဲ့ ကုသ တိုင်ပင်တာမျိုးဖြစ်ဖြစ် ပြုလုပ်သင့်ပါတယ်။

သတင်းအရင်းအမြစ် - ဒေါက်တာ မင်းထင်အောင် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။