မင်းသမီးချောလေး စိုးပြည့်သဇင်နဲ့ စန္ဒီမြင့်လွင်တို့ ညီမနှစ်ယောက်ဟာ ရုပ်ရှင်သက်ကြီးပူဇော်ပွဲမှာ အလှူလေး ပြုလုပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ယနေ့ အောက်တိုဘာ(၁၃)ရက်နေ့တွင် ကျရောက်တဲ့ မြန်မာ့ရုပ်ရှင်နေ့မှာ ရုပ်ရှင်အစည်းအရုံးမှ မြန်မာရုပ်ရှင်သက်ကြီး ပူဇော်ပွဲကို ပြုလုပ်ကျင်းပခဲ့ပါတယ်။ မြန်မာရုပ်ရှင်နေ့အခမ်းအနားနှင့်(၅၄)ကြိမ်မြောက် ရုပ်ရှင်သက်ကြီး ပူဇော်ပွဲကို ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းရှိ နှင်းဆီကုန်း ဘိုးဘွားရိပ်သာမှာ ပြုလုပ်ကျင်းပခဲ့တာ ဖြစ်ပါတယ်။ အနုပညာရှင်များစွာ တတ်ရောက်ခဲ့တာ ဖြစ်ပါတယ်။

မင်းသမီးချောလေး စိုးပြည့်သဇင်နဲ့ စန္ဒီမြင့်လွင်တို့ ညီအစ်မနှစ်ယောက်ဟာ ရုပ်ရှင်သက်ကြီးပူဇော်ပွဲမှာ ကန်တော့ရင်းနဲ့ မုန့်ဟင်းခါးအလှူ ပြုလုပ်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ စိုးပြည့်က သူ့မရဲ့ fb စာမျက်နှာမှာ ဓာတ်ပုံများနှင့်အတူ အခုလို ရေးသားထားပါတယ်။ “ရုပ်ရှင်အစည်းအရုံးသက်ကြီးပူဇော်ပွဲမှာပူဇော်ကန်တော့ရင်း.... ဒီနှစ်ညီမနှစ်ယောက်မုန့်ဟင်းခါးလှူတယ် ” လို့ ရေးသားထားတာ ဖြစ်ပါတယ်။ ဒီဒီးကလည်း သူမရဲ့ fb စာမျက်နှာမှာ “အစည်းအရုံးသက်ကြီးပူဇော်ပွဲမှာ မုန့်ဟင်းခါးစတုဒီသာညီအမနှစ်ယောက်လှူခဲ့တယ်ရှင့် လာရောက်လှူဒါန်းဖို့ဖိတ်ကြားခဲ့တဲ့သမီးတို့ဥက္ကဌကြီးဦးဌေးကို ကျေးဇူးအများကြီးတင်ပါတယ်ရှင် ? ရုပ်ရှင်မရိုက်တာကြာတော့မတွေ့ဖြစ်တဲ့အကိုအမ ဦးဦးဒေါ်ဒေါ်တွေနဲ့ရသလောက်ဓါတ်ပုံရိုက်ခဲ့တယ်ရှင့် ဒီနေ့အရမ်းပျော်ပါတယ် ” ရေးသားထားပါတယ်။ ဒီဒီး နဲ့ စိုးပြည့် ညီမနှစ်ယောက်ဟာ မကြာခဏ အလှူဒါန်းများ ပြုလုပ်လှူဒါန်းလေ့ရှိပါတယ်။

အောက်တိုဘာ(၂၀)ရက်နေ့မှာလည်း ညီမနှစ်ယောက်အတူတူပေါင်းပြီးတော့ ကထိန်ခင်း ရဟန်းခံရှင်ပြု အလှူကို ပြုလုပ်လှူဒါန်းမှာ ဖြစ်တယ်လို့ သိရပါတယ်။ မင်းသမီးချောလေး စိုးပြည့်ဟာ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး အကယ်ဒမီရရှိပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင်အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ အစ်မဖြစ်သူ ဒီဒီးကတာ့ သီချင်းလန်းလန်းလေးတွေနဲ့ အောင်မြင်တဲ့ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပြီး koeko ဆိုတဲ့ အမည်နဲ့ ကိုယ်ပိုင် ဖိနပ် Brand ကို ထုတ်လုပ်ဖြန့်ချီနေသူလည်း ဖြစ်ပါတယ်။ လတ်တလောအနုပညာလှုပ်ရှားမှုတွေကတော့ ဒီဒီး အနေနဲ့ကတော့ လတ်တလောမှာ အနုပညာအလုပ်တွေ သိပ်မတွေ့ရပေမယ့် ညီမဖြစ်သူ စိုးပြည့်ကတော့ ဇာတ်ကားများနှင့် ကြေညာများရိုက်ကူးနေတယ်လို့ သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။