ပြီးခဲ့တဲ့အောက်တိုဘာ ၅ရက်နေ့ ကပရိသတ်ချစ်တဲ့သရုပ်ဆောင် မေမြင့်မိုရ်ဟာ မိသားစုနဲ့ အတူ ဗိယက်နမ်နိုင်ငံသို့သွားရောက် လည်ပတ်ခဲ့တယ်လို့သိရပါတယ်။ ဗီယက်နမ်ရဲ့ ရာသီဥတုလေးကိုလဲ အရမ်းကြိုက်ပြီး ဓာတ်ပုံလေးတွေရိုက်လို့တောင်မဝဘူးလို့ ပြောပါတယ်။ 

ဗီယက်နမ်နိုင်ငံ Halong Park ကစားကွင်းမှာ လဲသွားရောက်ကစားခဲ့ပြီး ပျော်ရွှင်နေတဲ့ ပုံလေးတွေကို သူမရဲ့လူမှုကွန်ယက်ပေါ်မှာတွေ့မြင်ရတာဖြစ်ပါတယ်။ကစားစရာအရုပ်လေးတွေချစ်တဲ့ မေမြင့်မိုရ် ဟာ Halong Park ကစားကွင်းမှာရောင်းချတဲ့ အရုပ်ဆိုင်လေးကိုသွားရောက်လည်ပတ် ဝယ်ယူခဲ့ပြီး အရုပ်လေးတွေအကုန်လုံးကချစ်ဖို့ကောင်းလို့ လက်ကမချနိုင်တော့ပဲအကုန်လိုနေတယ်လို့ဆိုပါတယ်။ အရုပ်လေးတွေအများကြီးထဲမှ မေမြင့်မိုရ် အရမ်းကြိုက်တဲ့ Unicorn အရုပ်လေးတွေကို အိမ် အပြန်အမှတ်တရလက်ဆောင်အဖြစ်ဝယ်ခဲ့တယ်ဆိုပါတယ်။

ပရိသတ်အချစ်တော် သရုပ်ဆောင်မေမြင့်ဟာ အောက်တိုဘာလ ၉ရက်နေ့က မိသားစုနဲ့အတူ မြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိခဲ့တယ်လို့သိရပါတယ်။ဗီယက်နမ် ခရီးစဉ်ဟာ သူမအတွက်အရမ်းပျော်စရာကောင်းခဲ့တဲ့မိသားစုခရီးစဉ်လေးတစ်ခုပါလို့ ပြောပါတယ်။ ပရိသတ် ကြီးကိုလဲအရမ်းချစ်ပါတယ် ဆက်လက်အားပေးပါအုန်းလို့လဲပြောပါတယ်။ မေမြင့်မိုရ်ရဲ့ဗီယက်နမ်ခရီးစဉ်ကရိုက်ခဲ့တယ် ချစ်စရာကောင်းတဲ့ သူမ ပုံလေးတွေကိုပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါတယ်။ 

Source - May myint Myo Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။