အခုခေတ် လူငယ်အများစုမှာ “အစားတလိုင်း” ဆိုပြီးတော့ကို ဂုဏ်ယူပြောဆို တတ်ပါတယ်။ ကျန်းမာရေးကို အဓိက တိုက်ရိုက်သက်ရောက်မှု ရှိတာကလည်း ဒီ အစားအသောက်တွေပါပဲ။ ဒါ့ကြောင့် အစားအသောက်ကို မှန်မှန်ကန်ကန် ရွေးချယ် စားသောက်တတ်ဖို့တော့ လိုပါတယ်။ အခုဖော်ပြမဲ့ အကြောင်းအရာလေးကတော့ ကင်ဆာဖြစ်နိုင်ခြေများတဲ့ အစားအသောက်များပဲ ဖြစ်ပါတယ်။ ဒီလို အစားအသောက်တွေ စားမယ်ဆိုရင် ကင်ဆာ ဖြစ်ကို ဖြစ်မယ် ဆိုတာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ထပ်ခါ ထပ်ခါ စားသုံးလာတဲ့အခါမျိုးနဲ့၊ နှစ်ရှည်လများ စားသုံးလာတဲ့အခါမှာတော့ ကင်ဆာဖြစ်နိုင်ခြေ ရာခိုင်နှုန်းက အရမ်းကို သိသိသာသာ များလာပါတယ်။ 

ဘယ်လိုအစားအသောက်တွေက ကင်ဆာဖြစ်နိုင်ခြေများလဲ ???

- အသားကင်များ

- အသီးအရွက် ကင်များ

- အငွေ့နဲ့ ကင်လိုက်ရုံဖြင့် စားလို့

- ထပ်ခါ ထပ်ခါ အသုံးပြုထားသော ဆီဖြင့် ကြော်ထားသော အစားအသောက်များ

- အနီရောင်ဆိုးဆေးတွေ အသုံးပြုထားတဲ့ အစားအစာများ

- တာရှည်ခံ အစားအသောက်များ

- အချဉ်ဖောက်၊ အချဉ်နှပ်ထားတဲ့ အစားအစာများ

- Formalin အသုံးပြုထားသော အစားအစာများ

ဘယ်လို ရွေးချယ်စားသောက်မလဲ

- အထက်ဖော်ပြပါ အစားအသောက်တွေကိုတော့ ရှောင်ကြဉ်နိုင်ရင် (သို့မဟုတ်) လျှော့စားနိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်။

- ယုံကြည်စိတ်ချရတဲ့ ဆိုင်က သား၊ ငါးနဲ့ ဟင်းသီးဟင်းရွက်တွေကို ၀ယ်သင့်ပါတယ်။

- သန့်ရှင်းလတ်ဆတ်တဲ့ အစားသောက်တွေကိုသာ စားသုံးသင့်ပါတယ်။

- ချက်ပြုတ်တဲ့ အခါ သန့်ရှင်းမှု ရှိဖို့ လိုအပ်ပါတယ်။

- ချက်ပြုတ်ထားတဲ့ အစားအသောက်တွေကို ထိတွေ့ကိုင်တွယ်တဲ့ အခါ သန့်ရှင်းမှုရှိဖို့ လိုပါတယ်။

- ရက်လွန်အစားအစာများ ရှောင်ကြဉ်သင့်ပါတယ်။

- ဆီတွေကို ထပ်ခါတလဲလဲ မသုံးစွဲသင့်ပါဘူး။

စတဲ့ အကြောင်းအရာတွေကို သိရှိပြီး ကိုယ်တိုင်ဖြစ်စေ၊ တခြားသူတစ်ပါးအတွက် ဖြစ်စေ ဗဟုသုတ ရစေရန် မျှဝေနိုင်ပါတယ်။

ကျန်းမာရေး ဗဟုသုတများတိုးပွားပြီး ကျန်းမာလှပသော နေ့ရက်လေးများကို ပိုင်ဆိုင်နိုင်ကြပါစေ ရှင် …

သတင်းအရင်းအမြစ် - ဒေါက်တာ မင်းထင်အောင် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။