မအေးသောင်းကတော့ ပရိသတ်တွေကို အမြဲဖမ်းစားထားနိုင်သူတစ်ယောက်ပါ။ရိုးရှင်းတဲ့ ဝတ်စုံလေးတွေနဲ့ ယဉ်ကျေးတဲ့ အလှကမြင်သူတွေ စိတ်ဘဝင်နုညံသွားအောင်ကို ဖြစ်ရပါတယ်။အရမ်းလှတယ်လို့ ပြောရင် မှားမယ်မထင်ပါဘူး။ 

ပရိသတ်ချစ်တဲ့ မအေးသောင်းကတော့ ယခုအခါမှာ ရုပ်ရှင်သက်ကြီးပူဇော်ပွဲမှာ တက်ကြွစွာ ပျော်နေတဲ့ပုံရိတ်လေးတွေကို ပရိသတ်တွေအတွက် တင်ပြလိုက်ရပါတယ်။အမြဲအားပေးနေတဲ့ ကွန့်မန့်လေးတွေကြောင့် မအောင်းသောင်းက တော့ ရှေ့လျှောက်မဲ့လမ်းတွေမှာ အင်အားတွေဖြစ်စေမှာတော့ အမှန်ပါ။

မအေးသောင်းရဲ့လူမှုကွန်ယက်ပေါ်မှာတော့ "ရုပ်ရှင်သက်ကြီးပူဇော်ပွဲလေးမှာပါရှင့်။

မိုးရွာပေမဲ့ အရမ်းကိုပျော်ဖို့ကောင်းခဲ့ပါတယ်ရှငိ့။

Sunkist အချိုရည်ဗူးလေးတွေ အလှူလုပ်ခဲ့ပါတယ်ရှင့်။"ဆိုတဲ့စာသားလေးနဲ့ ဂါဝရပြုနေတာတွေ ပျော်ရွှင်နေတာတွေကိုတော့ ဓာတ်ပုံထဲမှာမြင်တွေ့ရမှာပါ။မအေးသောင်းရဲ့ပရိသတ်တွေအနေနဲ့လည်း မအေးသောင်းအတွက်စာသားလေးတွေကိုရေးသားခဲ့လို့ရပါတယ်။ကျေးဇူးတင်ပါတယ်။ 

သတင်းအရင်းအမြစ်-မအေးသောင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။