ဒီတစ်ပတ် ပိတ်ရက်မှာ ချစ်ခင်ရသူတွေနဲ့ အတူ မုန့်လုပ်စားဖို့အတွက် မုန့်ဟင်းခါး ချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။ ဒါမှ မဟုတ် ဟင်းချက်နည်းကို လေ့လာနေသော ကိုကို၊ မမ များအတွက် အကောင်းဆုံး ချက်နိုင်မဲ့ နည်းလမ်းလေးဖြစ်တဲ့ မုန့်ဟင်းခါးချက်နည်းလေးပဲ ဖြစ်ပါတယ်။ ၀ါသနာပါတယ်/ မုန့်ဟင်းခါးကို ကြိုက်တယ် ဆိုရင်တော့ စမ်းချက်ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။ 

အဆင်သင့်ပြုလုပ်ထားရမည့် အရာများ

၁။ငါးခူ၊ငါးရံ့၊ငါးကြင်း၊ငါးရွှေ စသည်ဖြင့် မိမိနှစ်သက်ရာ ငါး၅၀သားကို သန့်ရှင်ပြီး စပါးလင်၊ ချင်း၊ နနွင်း၊ ဆား၊ ငံပြာရည်တို့ ထည့်ပြုတ်ပြီး အသားနွင်ထားပါ။

၂။ဆန်(ဆန်ချိန်ခွက်)တဝက်ခန့်ကို မွှေးနေအောင်လှာ်လှော်ပြီးထောင်းထားပါ။ blander နဲ့လည်းကြိတ်နိုင်ပါတယ်။ ဆန်ကိုရေစိမ်ပြီးရေစစ်ထားပါ။ ပြီးဒယ်အိုထဲထည့်ပြီး မီးအရှိန်လျှော့ပြီးလှော်ပါ။ ဆန်လှော်အနံ့မွှေးပြီး အဝါရောင်သန်းရင်ရပါပြီ။

၃။ ငှက်ပျောအူ၊ကြက်သွန်ဥ၊စပါးလင်။အဆင်သင့်ပြင်ထားပါ။

၄။ ကြက်သွန်ဖြူဆီချက်၊ငြုပ်သီးအကျက်မှုန့်လုပ်ထားပါ။

မုန့်ဟင်းခါးချက်ရန်အတွက် ဟင်းခါးချက်မည့်အိုးထဲကို ရေအိုးတဝက်ခန့်ထည့်ပါ။ ငှက်ပျောအူကိုပါးပါးလှီးပြီး ရေနွေးအိုးဆူဆူထဲထည့်ပြုတ်ပါ။ ဆန်လှော်မှုန့်ထည်ြ့ပုတ်ပါ။

စပါးလင်အရင်း၃ပိုင်းကို ပါပါးလှီးပြီး ညှက်အောင်ထောင်းပါ။ နနွင်း၊ ဆား၊ အချိုမှုန့်၊ ငရုပ်ကောင်း၊ ငြုပ်သီးအရောင်တင်မှုန့်၁ဇွန်း အားလုံးကိုအရင်ညှက်အောင်ထောင်းပါ။ 

မုန့်ဟင်းခါးဆီသတ်ရန်အတွက် ကြက်သွန်ဖြူ ၊ကြက်သွန်နီကိုပါးပါးလှီးထားပါ။

ဒယ်အိုးထဲဆီ၁၀သားခန့်ထည့်ပြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူကို ဝါအောင်အရင်ကြော်ပါ။ ထို့နောက် ငါးအသားထောင်းထားတာ ထည့်ပြီး ဆီသတ်ပါ။ ရေအနည်းငယ်ထည့်ပြီး ဆီပြန်အောင်ချက်ပြီးနောက် မုန့်ဟင်းခါးအိုးထဲထည့်ပါ။ ကြက်သွန်ဥကို နောက်ဆုံးမှထည့်ပြီး အပေါ့အငံမြည်းပါ။ ဟင်းခါးရည်ကိုလိုသလောက်ထည့်ပါ။ ဘဲဥပြုတ်ပါထည့်ပါ။

တွဲဖက်စားရန်အတွက် ပဲကြော်၊ ငါးဖယ်၊ ဘူးသီးကြော်၊ နံနံပင်၊ ပဲသီး၊ သံပုရာသီး … စသည်တို့ကိုလည်း အဆင့်သင့် ပြုလုပ်ထားပြီး တွဲဖက်စားသုံးနိုင်ပါတယ်။

သတင်းအရင်းအမြစ် - ဟင်းချက်နည်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။