အဆိုတော် ဘန်နီဖြိုးက သူဟာ မာနသေးပြီး ဘဝင်နိမ့်သူတစ်ယောက်သာ ဖြစ်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။ ဘန်နီဖြိုးဟာ တေးသီချင်းကောင်းကောင်းလေးတွေ သီဆိုပြီး ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော်တစ်ယောက်လည်း ဖြစ်ပါတယ်။ ဘန်နီဖြိုးက သူဟာ မာနမကြီးကြောင်းနှင့် ဘဝင်မမြင့်တတ်ပါဘူးဆိုတဲ့ အကြောင်းကို ပရိသတ်တွေကို ရင်ဖွင့်ပြောကြားခဲ့တာ ဖြစ်ပါတယ်။ မာနမကြီးပါဘူး.. ဘဝင်လည်းမမြင့်ပါဘူး.. လူတွေထဲ လူတစ်ယောက်ဖြစ်တဲ့အတွက် တစ်ခါတစ်ရံ စိတ်မကြည်တဲ့အခိုက်အတန့်များမှာ နားလည်ပေးပါလို့ ပြောထားပါတယ်။

ဘန်နီဖြိုးက သူအသုံးပြုတဲ့ fb စာမျက်နျာမှာ အခုလို ရေးသားထားပါတယ်။ “စိတ်တွေပျော်ရွှင် ကြည်လင်နေတဲ့အခါ ... ဝမ်းနည်းစရာ အာရုံနောက်စရာတွေ ကင်းဝေဒနေတဲ့အခါ ... friend limit တွေ request limit တွေ လျော့သွားလို့ အဆင်ပြေတဲ့အခါ ...

ကျိုးကြောင်းဆီလျော်တဲ့ အဓိပ္ပယ်ရှိတဲ့ ဝေဖန် အကြံပြုချက်များနဲ့ comment လေးတွေရေးပေးလာတဲ့အခါ ...

တကယ်အဆင်ပြေရင် ကျွန်တော် add ပေးပါတယ်ခင်ဗျာ Message reply များ

comment များလည်းထိုနည်းလည်းကောင်းပါဗျာ

မာနလည်းမကြီးပါ ဘဝင်လည်းမမြင့်ပါ ... လူထဲကလူပေပဲမို့ တစ်ခါတစ်ရံ အကြည်ဓါတ်ပျောက်ဆုံးနေချိန်များတွင်

နားလည်ပေးစေလို

☺️

မာနသေး ၍ ဘဝင်နိမ့်သော

Bunny Phyoe” လို့ ရေးသားထားတာ ဖြစ်ပါတယ်။

ဘန်နီဖြိုးဟာ တေးသီချင်းကောင်းကောင်းလေးတွေ သီဆိုပြီး ပရိသတ် အားပေးမှု အခိုင်အမာ ရရှိထားတဲ့ တေးရေး အဆိုတော်တစ်ယောက်လည်း ဖြစ်ပါတယ်။ လတ်တလောအနုုပညာ လှုပ်ရှားမှုတွေအနေနဲ့ ရှိုးပွဲတွေမှာ သွားရောက်ဖျော်ဖြေနေတယ်လို့သိရပါတယ်။ ဘန်နီဖြိုးရဲ့ ပရိသတ်များအတွက် နောက်သတင်းကောင်းတစ်ခုပါးချင်ပါတယ်။ အဲ့ဒါကတော့ လာမယ့် အောက်တိုဘာ(၁၅)ရက်နေ့မှာလည်း ပြည်သူ့ရင်ပြင်အတွင်း Parking area Myanmar Culture Valley မှာ ပြုလုပ်မယ့် BKK Night Market မှာ သီချင်းများနှင့် လာရောက်ဖျော်ဖြေမှာ ဖြစ်တယ်လို့ သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။