မြန်မာဘောလုံးလောကရဲ့ဂျပန်အိမ်မက်


မြန်မာဘောလုံးအဖွဲ့ချုပ်ဟာဂျပန်ဘောလုံးလောကကို

စံနမူနာယူပြီးလျှောက်လှမ်းနေပါပြီ။အထင်ရှားဆုံးဥပမာ

ပြောရရင်မြန်မာဘောလုံးအဖွဲ့ချုပ်ဥက္ကဌ

ဦးဇော်ဇော်ဟာပညာရေးဝန်ကြီးဌာနနဲ့ဆွေးနွေး

ပွဲမှာဂျပန်ဘောလုံးလောကကိုဇောင်းပေးပြီး

အတုယူတည်ဆောက်သွားမယ့်အကြောင်းဆွေးနွေးပြောကြာခဲ့ပါတယ်။ဂျပန်နိုင်ငံရဲ့အခြေခံပညာကျောင်းတွေမှာ

ဘောလုံးပြိုင်ပွဲကျင်းပခြင်း၊အခြေခံပညာကျောင်းများနဲ့

ဂျပန်ဘောလုံးအဖွဲ့ချုပ်တို့ရဲ့ပူးပေါင်းဆောင်ရွက်မှုတွေကိုတင်ပြဆွေးနွေးခဲ့တာကိုတွေ့ရပါတယ်။

သူအနေနဲ့မြန်မာ့ဘောလုံးလောကကိုဂျပန်မော်ဒယ်ကို

ပြောင်းချင်နေတာသိသာပါတယ်။ရည်ရွယ်ထားတဲ့အတိုင်းလည်းခပ်စိပ်စိပ်ဆောင်ရွက်လာခဲ့ပါတယ်။မနေ့ကဆိုရင်မြန်မာကျောင်းသားလူငယ်အယောက်100ကို

ဂျပန်ကလပ်ဆီရီအိုဆာကာအသင်းကဘောလုံးနည်းစနစ်

တွေကိုလာရောက်သင်ကြားပေးခဲ့ပါတယ်။အဆိုပါပွဲကိုFootball Clinic လို့နာမည်ပေးထားပြီး

ဦးဇော်ဇော်နဲ့အတူဂျပန်အားကစားဝန်ကြီးဌာနဒုတိယဝန်ကြီး

မစ္စတာမစ်ဇူအိုချီတို့တက်ရောက်ခဲ့ကြပါတယ်။


နောက်ထပ်မြင်သာထင်သာတဲ့အချက်ကမြန်မာလူငယ်နည်းပြတွေဖြစ်တဲ့ဘိုဘိုအောင်၊စိုးမြတ်မင်းတို့ကိုဂျပန်ကိုဘောလုံး

ပညာတော်သင်စေလွတ်ခဲ့တာပဲဖြစ်ပါတယ်။လက်ရှိမြန်မာယူ-19နည်းပြဦးချစ်နိုင်ဟာလည်းဂျပန်ဘောလုံးပညာသင်တစ်ဦးဖြစ်ခဲ့ပါတယ်။ဒါကြောင့်မြန်မာဘောလုံးဟာ

ဂျပန်စတိုင်ဘက်ကိုရွေ ့လျားနေတယ်ဆိုတာတော့အမှန်ပါပဲ။

ကောင်းသောပြောင်းလဲခြင်းဖြစ်ပါစေလို့ပဲဆိုလိုက်ပါရစေ။

Spurce-MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။