ဒီကနေ့ဟာဆိုရင် အနောက်နိုင်ငံတွေကလူတွေသိပ်ကြောက်တဲ့

သောကြာနေ့ ၁၃ ရက် ဖြစ်ပါတယ်

နောက်ခံသမိုင်းတိတိပပမရှိသော်လည်း၁၄ ရာစုက စလို့ ဥရောပမှာ ကြောက်မက်ဖွယ် နေ့စွဲတစ်ခု အနေနဲ့ စတင်လာခဲ့တာပါ

အခုဆိုရင်် အာရှမှာပါပျံနှ့ံစွဲမြဲလို့လာခဲ့ပါပြီ

၁၃ ဂဏန်းသီးသန့် ကြောက်ကြသူများရှိပြီး

၄င်းကို ၁၃ ကြောက်ရောဂါ

Triskaidekaphobia လို့ ခေါ်ပါတယ်

သောကြာနေ့နဲ့ပါတွဲကြောက်နေပြီ ဆိုရင်တော့

Friggatriskaidekaphobia လို့ ခေါ်ပါတယ်

ဘာလို့ကြောက်ကြသလဲ

ဘာလို့ရှောင်ကြသလဲ?????သမိုင်းကြောင်းတွေရှိပါတယ်

၁။ ။ခရစ်ယာန်သမိုင်းမှာ ယေရှုကို လုပ်ကြံတဲ့ သူ့တပည့် ယုဒကာရုတ် Judas Iscariot ဟာ စားပွဲနံပါတ် ၁၃ မှာထိုင်ပါတယ်

၁။ ။ဂရိဒဏ္ဏာရီမှာ ဇူးစ် အပါအဝင် ဂရိနတ်ဘုရား ဆယ်နှစ်ပါးရှိရာမှ ၁၃ ပါးမြောက် နတ်ဘုရားအဖြစ် ဇူးစ်ရဲ့သား Loki ပေါ်လာပြီး

သူ့အဖေအပါအဝင် နတ်ဘုရား ၁၂ ပါးလုံးကို Ragnarok လို့ခေါ်တဲ့ ကပ်ဆိုးတွေကျစေပြီး သတ်ပစ်ခဲ့ပါတယ်

Gamer တွေဆိုသိမှာပါ နာမည်ကျော် God of War Game ထဲက ဇာတ်ကောင် Krato ဟာ Loki ကို အခြေခံထားတာဖြစ်ပါတယ်

၃။ ။နောက် ခရစ်ယာန်သမိုင်းမှာပဲ ယေရှုသတ်ခံရတဲ့နေ့ဟာလည်း သောကြာနေ့ ဖြစ်လို့နေပြန်ပါတယ်

၄။ ။ရိုးရာအရသတ်မှတ်ထားတာ တစ်ခုက သေဒဏ်ပေးတဲ့ ကြိုးစင်တွေမှာ လှေကားထစ် ၁၃ ထစ် ထားရပါတယ်

၅။ ။ရှေးအတွေးတွေ မယုံဘူးဆိုပြီး ကြွေးကြော်ခဲ့တဲ့ နာဆာ ရဲ့ အပိုလို ၁၃ လွန်းပျံယာဉ်ဟာလဲ အောက်ဆီဂျင်ကန်ပေါက်ကွဲပြီး ပျက်ကျခဲ့ပါတယ်

၆။ ။၁၁၁၈ ခုနှစ် ဥရောပမှာ ဘာသာသာသနာကို ကာကွယ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ Knights of Templar ဆိုတဲ့ တပ်ဖွဲ့တစ်ခုဖွဲ့စည်းခဲ့ပါတယ်

ရည်ရွယ်ချက်ကောင်းပေမယ့် အင်အားကြီးလာတာကြောင့်

ပြင်သစ်ဘုရင် Philip IV ဟာ

၁၃၀၇ အောက်တိုဘာ ၁၃ ရက် သောကြာနေ့မှာ

အဲ့သည့်တပ်ဖွဲ့ဝင် ရာနဲ့ချီပြီး ဖမ်းဆီးသတ်ဖြတ်ခဲ့ပါတယ်

၇။ ။လူနာမည်က အင်္ဂလိပ်အက္ခရာ ၁၃ လုံးရှိရင် အဲ့သည့်လူဟာ မကောင်းမှုမှာ မွေ့လျော်ပြီး မကောင်းမှုနဲ့ပဲ အကျိုးပေးပါသတဲ့

ဥပမာတွေကတော့

Charles Manson

Jack the Ripper

Jeffrey Dahmer

Theodore Bandy

Albert De Salvo စတဲ့ ဥရောပက ရာဇဝင်လူဆိုးဓါးမြတွေဖြစ်ပြီး

နောက်တစ်ယောက်ကတော့ လူတိုင်းသိတဲ့

Osmar Binladin ပါ

၈။ ။၁၈၀၀ ခုနှစ်လွန်တွေမှာ

အမေရိကန်ပြည်ထောင်စုမှာ Thirteen Club ဆိုတဲ့ အဖွဲ့ရှိပါတယ်

၁၃ အစွဲကို မယုံတဲ့သူတွေပေါ့

သူတို့က ၁၃ ရက်နေ့တွေမှာတွေ့တယ်

၁၃ ယောက်အတူ dinner စားတယ်

စသဖြင့် စသဖြင့်ပေါ့လေ လုပ်ကြတာပေါ့

အဲ့သည့်အဖွဲ့မှာဆို အမေရိကန်သမ္မတ ငါးယောက်တောင် ပါဖူးပါတယ်

Benjamin Harrison

Grover Cleveland

William Mckinley

Theodore Roosevelt

Chester A. Arthur တို့ပါ

သို့သော် တိုက်ဆိုင်တာလားတော့ မသိပါဘူး

ဒီအထဲကသမ္မတနှစ်ယောက် လုပ်ကြံခံရပါတယ်

၉။ ။နောက်ပြီး ၁၂ ဂဏန်းဟာ အလွန် ပြည့်စုံတဲ့ ဂဏန်းလို့ သတ်မှတ်ကြပါတယ်

နာရီမှာဆို ၁၂ နာရီ

လမှာဆို ၁၂ လ

ဂရိနတ် ၁၂ ပါး

ယေရှူတပည့် ၁၂ ယောက်

မိုဟာမက် Imams ၁၂ ယောက်

ရာသီခွင် ၁၂ ခုစသဖြင့်ပေါ့လေ

အဲ့လို ပြည့်စုံနေရာက တစ်ခုတိုးပြီး၁၃ ဖြစ်သွားတာနဲ့ အားလုံးအောက်ဆုံးကို ထိုးကျသွားတာတွေ့ရမှာဖြစ်ပါတယ်

၁၀။ ။လေကြောင်းသမိုင်းမှာလဲ၁၉၇၂ အောက်တိုဘာ ၁၃ ရက် သောကြာနေ့မှာ

Uruguayan Flight571 ပျက်ကျပြီး၂၉ ယောက် သေဆုံးပါတယ်

တရက်တည်းမှာပဲ Soviet Aeroflot ပျက်ကျပြီး လူပေါင်း ၁၇၄ ယောက် သေဆုံးခဲ့ပါတယ်

၁၁။ ။စပိန်တွေကတော့ ၁၃ နဲ့တွဲတဲ့ အဂါ င်္နေ့ကို ပိုကြောက်ပါတယ်

ဘာလို့လဲဆိုတော့ စတုတ္ထခရူးဆိတ် စစ်ပွဲကြီးဟာ၁၂၀၄ ခုနှစ် ဧပြီလ ၁၃ ရက်နေ့မှာ စတင်ခဲ့ပြီး

သူတို့တွေရှုံးနိမ့်ခဲ့ကာတူရကီတွေရဲ့ အော်တိုမန်အင်ပါယာအောက် ကျသွားရပါတယ်

ကျွန်တော်တို့ မြန်မာ့သမိုင်းမှာလည်းပုဂံမင်းတစ်ပါးဖြစ်တဲ့ကျစွာမင်းဟာ အယူသည်းမှုတွေ ဆန့်ကျင်တဲ့သူပါ

၅၉၆ ကနေ ၆၁၂ ထိ မင်းပြုခဲ့ပါတယ်

ပိဋိကတ်သုံးပုံကို ကိုးခေါက်ပြန်ထားတဲ့ ပညာတတ်ပီပီ

အယူသည်းတာတွေကို မယုံတဲ့အနေနဲ့

သူတတည်တဲ့ဘုရားကို

ပြဿဒါးနေ့မှာ အုတ် စလုပ်

ပြဿဒါးနေ့မှာပဲ ပန္နက်ချ

ပြဿဒါးနေ့မှာပဲ အုတ်မြစ်ချ စသဖြင့်

တခုခုလုပ်တိုင်း ပြဿဒါးနေ့တွေမှာပဲ လုပ်ပါတယ်

ဒါ့ကြောင့် ပြဿဒါးဘုရား လို့တွင်ပါတယ်

တိုက်ဆိုင်တာလားတော့

မသိပါဘူး

ဘုရားမပြီးခင်မှာပဲ မင်းကြီး နတ်ရွာစံသွားရပါတယ်... 

Source:The Rabat Digital Media 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။