ထိုင်ဝမ်သမ္မတ Tsai Ing-wen ဟာ သူမ သမ္မတ အဖြစ်စတင် တာဝန်ယူတဲ့ မေလ ၂၀၁၆ ခုနှစ်ကနေစပြီး တရုတ်ပြည်မကြီးရဲ့ ခြိမ်းခြောက်မှုကို ရင်ဆိုင်ရန် အတွက် ထိုင်ဝမ်ကျွန်းနိုင်ငံရဲ့ လိုအပ်နေတဲ့ ကာကွယ်ရေး ကဏ္ဍကို အထူးအလေးပေးလာခဲ့ပါတယ်။ သူမဟာ လေကြောင်း၊ ရေငုပ်သင်္ဘော နဲ့ ဆိုက်ဘာလုံခြုံရေး ကဏ္ဍတွေမှာ အရှိန်မြှင့်တင် တိုးချဲ့လာခဲ့ပါတယ်။ ဂျွန်လမှာ သူမရဲ့ အစိုးရဟာ ဆိုက်ဘာ လုံခြံုရေး အထူးဌာနချုပ်ကို ဖွဲ့စည်းခဲ့ပါတယ်။

ထိုင်ဝမ်သမ္မတ က အဂါင်္နေ့မှာ ကျင်းပတဲ့ အမျိုးသားနေ့အခမ်းအနားမှာ ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များကို အထူးအလေးပေးပြောကြားသွားခဲ့ပါတယ်။ "ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ကိုယ်ပိုင်ကာကွယ်ရေးအင်အားကို အခြားနိုင်ငံများမှ နည်းပညာတွေဖလှယ်ပြီး တက်တက်ကြွကြွ ဆက်လက်တည်ဆောက်သွားရမှာဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာတော့ ကျွန်မတို့ အနေနဲ့ ကိုယ်ပိုင်ဂျက်တိုက်လေယာဉ်တွေ၊ ရေငုပ်သင်္ဘော တွေကို တည်ဆောက်ဖို့ ကတိကဝတ်ပြုပါတယ်။ အထူးသဖြင့် လူငယ် အင်ဂျင်နီယာများနဲ့ သုတေသနပြုလုပ်သူများ အတွက် အလုပ်အကိုင်အခွင့်အလမ်းသစ်တွေ ကို ဖန်တီးပေးနိုင်မှာပါ" လို့ သူမ ကပြောကြားသွားခဲ့ပါတယ်။

"ကျွန်မ အနေနဲ့ ပိုမိုကောင်းမွန်တဲ့ တိုင်းပြည်ရဲ့ ကာကွယ်ရေး ကဏ္ဍကိုတည်ဆောက်ခြင်းဟာ ကျွန်မတို့ရဲ့ စစ်ရေးစွမ်းရည်ကို ပိုမိုတိုးတက်စေသည်သာမက တိုင်းပြည်ရဲ့ စက်မှုဖွ့ံဖြိုးဖို့အတွက်ပါ အကျိုးရှိစေမယ်လို့ ယုံကြည်ပါတယ်" လို့ ထိုင်ဝမ်သမ္မတ Tsai Ing-wen ကပြောကြားသွားခဲ့ပါတယ်။ ဒါ့အပြင် ဆိုက်ဘာစစ်ပွဲ ဟာ ပိုမိုခြိမ်းခြောက်လာတာကြောင့် ထိုင်ဝမ်နိုင်ငံအနေနဲ့ ပိုမိုပြင်ဆင်ထားရမယ်လို့ ပြောကြားသွားခဲ့ပါတယ်။

Source: VOA News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။