သီချင်းအမြူးလေးတွေလည်း ဆိုတတ်သလို ရုပ်ရှင်ဇာတ်ကားတွေမှာ ကျရာနေရာကနေ ပီပြင်စွာ သရုပ်ဆောင်နိုင်သူကတော့ ပရိသတ်အချစ်တော် ဝေလျံ ဖြစ်ပါတယ်။ ချစ်ရသူနဲ့ လက်ထပ်ထားတဲ့ ဝေလျံတစ်ယောက်ကတော့ မကြာခင် ကလေးအဖေ ဖြစ်တော့မယ်လို့ သိရပါတယ်။ ဇနီးသည်က သားအမြွှာလေးတွေကို ကိ်ုယ်ဝန်ဆောင်ထားတာဖြစ်တယ်လို့လည်း သိရပါတယ်။

မကြာခင် ဖခင်တစ်ယောက်ဖြစ်ရတောမယ့် ဝေလျံရဲ့ ခံစားချက်တွေကတော့

"သားလေးတွေကို အရမ်းတွေ့ချင်နေပြီ။ အိမ်ထောင်ဦးစီးတစ်ယောက်ဖြစ်လာတဲ့အတွက် အားလုံးကို လူကြီးဆန်ဆန်တွေးတတ်လာတယ်။ အခုနောက်ပိုင်းဆို ညဘက် Night out တွေဘာတွေထွက်ချင်ရင်တောင် ကိုယ့်မိသားစုကို ပြန်စဉ်းစားတယ်။ အမျိုးသမီးက ယောက်ျားလေးတစ်ယောက် မိန်းကလေးတစ်ယောက် လိုချင်ပေမဲ့ ကျွန်တော်က ယောက်ျားလေးလိုချင်တာဆိုတော့ သဘောကျပါတယ်" ဆိုပြီး Myanmar Cleebrities ဖြေဆိုခဲ့ပါတယ်။

လက်ရှိမှာတော့ သားလေးတွေအတွက် လိုအပ်မယ်ထင်တာလေးတွေကို ကြိုတင်ပြင်ဆင်နေတယ်လို့ သိရှိရပါတယ်။ အနုပညာလှုပ်ရှားမှုအနေနဲ့ ရုံတင်မယ့်ကားတွေလည်း ရှိနေသလို ပရိသတ်တွေအတွက် သီချင်းအသစ်တွေ ချပြဖို့ စီစဉ်နေတယ်လို့လည်း ဆိုပါတယ် 

Source:  Wai Hlyan

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။