မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ပြင်သစ်လိဂ်ဂူးပွဲစဉ်မှာ အိမ်ရှင်လိုင်ယွန်အသင်းဟာ မိုနာကိုအသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရယူနိုင်ခဲ့ပြီး အဖိုးတန် ၃ မှတ်ကို ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။လိုင်ယွန်အသင်းရဲ့ကစားသမားဖက်ကီရီ ရဲ့ နာကျင်အချိန်ပိုမှာ သွင်းယူခဲ့တဲ့ဂိုးကြောင့် အဝေးကွင်းမှာ မိုနာကိုအသင်းဟာ အမှတ်လက်ဗလာနဲ့ လှည့်ပြန်ခဲ့ရတာလည်းဖြစ်ပါတယ်။မိုနာကိုအသင်းဟာ ယခုရှုံးပွဲကြောင့် PSG အသင်းသာ ဒီနေ့ပွဲမှာ အနိုင်ရရှိခဲ့ပါက ၆ မှတ်ကွာဟသွားတော့မှာလည်းဖြစ်ပါတယ်။

လိုင်ယွန်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ မာရီယာနို၊ ထရာအိုရီ၊ ဟော့ဆန်၊ ဖက်ကီရီ၊ အလီဗာရို၊ တိုဆက် တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။မိုနာကိုအသင်းရဲ့ပွဲထွက်လူစာရင်းမှာတော့ ကီတာဘလိတ်၊ ထရာအိုရေး၊ လိုပက်၊ သောမက်လီမာ၊ မော်တင်ဟို၊ မယ်လ်တီ တို့ကိုထည့်သွင်းအသုံးပြုသွားခဲ့တာလည်းဖြစ်ပါတယ်။လိုင်ယွန်အသင်းဟာ ယခုနိုင်ပွဲကြောင့် အဆင့် ၃ နေရာထိရောက်ရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။

အဖွင့်ဂိုးကိုတော့ ၁၁ မိနစ်မှာ လိုင်ယွန်အသင်းကစတင်ရရှိခဲ့တာဖြစ်ပြီး ဒီဂိုးကိုတော့ မာရီယာနို ကသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။၁၇ မိနစ်မှာတော့ လိုပက်က မိုနာကိုအသင်းအတွက်ချေပဂိုး ပြန်လည်သွင်းယူပေးခဲ့ပါတယ်။၂၃ မိနစ်မှာတော့ ဖက်ကီရီက လိုင်ယွန်အသင်းအတွက် ဦးဆောင်ဂိုးထပ်မံသွင်းယူပေးခဲ့ပါတယ်။၃၄ မိနစ်မှာ ထရာအိုရီက မိုနာကို အသင်းအတွက် ချေပဂိုးပြန်လည် သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ပထမပိုင်းအပြီးမှာတော့ တစ်ဖက်နှစ်ဂိုးစီ နဲ့ ပွဲဟာပြီးဆုံးခဲ့ပါတယ်။လိုင်ယွန်အသင်းအတွက်အနိုင်ဂိုးကိုတော့ (၉၀+၅)မိနစ်မှာ ဖက်ကီရာက သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။