ယနေ့ည ၈း၃၀ မှာယှဉ်ပြိုင်ကစားမဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ခရစ်စတယ်ပဲလေ့စ် အသင်းဟာ အိမ်ကွင်းမှာ ချဲလ်ဆီးအသင်းကို လက်ခံကစားသွားရမှာလည်းဖြစ်ပါတယ်။နိုင်ပွဲတစ်ပွဲမှ မရရှိသေးတဲ့ ခရစ်စတယ်ပဲလေ့စ် အသင်းဟာ ရမှတ် ၀ နဲ့ ဇယားအောက်ဆုံးမှာ ရပ်တည်နေတာလည်းဖြစ်ပါတယ်။ချဲလ်ဆီးအသင်းကတော့ ပွဲစဉ် ၇ အပြီးမှာတော့ ရမှတ် ၁၃ မှတ်နဲ့ အဆင့် ၄ နေရာမှာရပ်တည်နေတာလည်းဖြစ်ပါတယ်။ 

ခရစ်စတယ်ပဲလေ့စ် အသင်းရဲ့နောက်ဆုံးငါးပွဲရလဒ်မှာတော့ လေးပွဲရှုံး တစ်ပွဲနိုင်ရလဒ်ကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။ချဲလ်ဆီးအသင်းရဲ့ နောက်ဆုံး ငါးပွဲရလဒ်မှာတော့ သုံးပွဲနိုင် တစ်ပွဲသရေ တစ်ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားခဲ့တာလည်းဖြစ်ပါတယ်။မိုရာတာ၊ ကန်တေ စတဲ့အဓိကကစားသမားတွေကတော့ ဒဏ်ရာပြသာနာတွေကြောင့်ပါဝင်ကစားသွားမှာမဟုတ်ပါဘူး။ 

ချဲလ်ဆီးအသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ ဘတ်ရှုအာရီ ၊ဖာဘရီဂတ်၊ ဟာဇတ်၊ ဘာကာယိုကို၊ ပတ်ဒရို၊မော့ဆက်၊ အလွန်ဆိုတို့ကို ထည့်သွင်းအသုံးပြုသွားဖို့ရှိနေတာလည်းဖြစ်ပါတယ်။ခရစ်စတယ်ပဲလေ့စ် အသင်းရဲ့ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ ဘန်တီကီ၊ တောင်ဆန်၊ ကာဘာရီ၊ မက်အောသာ၊ ပန်ချီအွန် တို့ကိုထည့်သွင်းကစားသွားဖို့ရှိနေတာလည်းဖြစ်ပါတယ်။ခရစ်စတယ်ပဲလေ့စ်အသင်းဟာ နိုင်ပွဲမရရှိသေးခဲ့တာကြောင့် ရုန်းကန်သွားဖို့ရှိနေတာဖြစ်ပြီးချဲလ်ဆီးအသင်းရဲ့တိုက်စစ်ကိုမထိန်းချူပ်နိုင်ခဲ့ရင်တော့ ပဲလေ့စ်အသင်းအတွက် အမှတ်ဗလာပွဲ ဖြစ်သွားနိုင်ဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။