အမေရိကန် နဲ့ တောင်ကိုရီးယား စစ်ရေးပူးတွဲလေ့ကျင့်မှု မတိုင်မီ အမေရိကန်ပိုင် ဂူအမ်ကျွန်းကို ဒုံးပျံတွေနဲ့ ပစ်ခတ်တိုက်ခိုက်မယ် လိုု့ မြောက်ကိုရီးယား က ထပ်မံခြိမ်းခြောက်လိုက်ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က မြောက်ကိုရီးယား အစိုးရပိုင် မီဒီယာ မှ ယခုလို ခြိမ်းခြောက်ပြောဆိုလိုက်တာဖြစ်ပြီး အမေရိကန်နိုင်ငံ ရဲ့ အဆင်ခြေမဲ့ လုပ်ရပ်တွေဟာ ပြုံယမ်း ကို ထိုသို့လုပ်ဆောင်ရန် တွန်းအားပေးသလို ဖြစ်လိမ့်မယ် လို့ သတိပေးလိုက်ပါတယ်။

သြဂုတ်လတုန်းက ပစိဖိတ် သမုဒ္ဒရာ အတွင်းရှိ အမေရိကန်ပိုင် ဂူအမ်ကျွန်းကို ဒုံးပျံတွေနဲ့ ပစ်ခတ်ဖို့ အစီအစဉ်ကို စမ်းသပ်စစ်ဆေးနေတယ်လို့ မြောက်ကိုရီးယား ကပြောခဲ့ပါသေးတယ်။ "ကျွန်တော်တို့ အနေနဲ့ မိမိကိုယ်ကိုကာကွယ်ဖို့ လိုအပ်တဲ့ တန်ပြန်တိုက်ခိုက်မှုတွေပြုလုပ်သွားမှာ ဖြစ်တယ်ဆိုတာကို အမေရိကန်နိုင်ငံ ကို အကြိမ်ကြိမ်သတိပေးပြီးသွားပါပြီ။ အမေရိကန်ပိုင် ဂူအမ်ကျွန်းကို ဒုံးပျံတွေနဲ့ ပစ်ခတ်မယ့် အစီအစဉ်လည်းပါ၀င်ပါတယ်" လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဌာနမှ သုတေသီတစ်ဦး ကပြောကြားသွားခဲ့ပါတယ်။

အမေရိကန် နဲ့ တောင်ကိုရီးယား တို့ တနင်္လာနေ့မှစတင် ပြီး ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှု ကိုပြုလုပ်ကြမှာပါ။ ထိုသို့ အမေရိကန် နဲ့ တောင်ကိုရီးယား တို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှု များဟာ နိုင်ငံကို ကျူးကျော်ဖို့ဖြစ်တယ်လို့ မြောက်ကိုရီးယားက စွပ်စွဲထားပါတယ်။ ယခုလို ပူးတွဲစစ်ရေးလေ့ကျင့်မှု မစတင်မီ မြောက်ကိုရီးယား အနေနဲ့ အမေရိကန်ပိုင် ဂူအမ်ကျွန်းကို ဒုံးပျံတွေနဲ့ ပစ်ခတ်မယ့် ခြိမ်းခြောက်မှု ထွက်ပေါ်လာတာပါ။

Source: CNN News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။