ယနေ့ည ၈း၄၅ မိနစ်မှာယှဉ်ပြိုင်ကစားမဲ့ လာလီဂါပွဲစဉ်မှာ ဂီတာဖေးအသင်းဟာ အိမ်ကွင်းမှာ ရီးရဲလ်မက်ဒရစ်အသင်းကို ဧည့်ခံကစားသွားရမှာလည်းဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းဟာ ပွဲစဉ် ၇ အပြီးမှာတော့ ရမှတ် ၁၄ မှတ်ရရှိထားကာ အဆင့် ၅ နေရာမှာ ရပ်တည်နေတာလည်းဖြစ်ပါတယ်။ဂီတာဖေးအသင်းကတော့ ပွဲစဉ် ၇ အပြီးမှာ ၈ မှတ်သာ ရရှိထားခဲ့တာဖြစ်ပြီး အဆင့် ၁၃ နေရာမှာ ရှိနေတာလည်းဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းရဲ့နောက်ဆုံးငါးပွဲရလဒ်မှာတော့ လေးပွဲနိုင် တစ်ပွဲရှုံးရလဒ်ကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။ဂီတာဖေးအသင်းရဲ့ နောက်ဆုံးငါးပွဲရလဒ်မှာတော့ နှစ်ပွဲနိုင် နှစ်ပွဲရှုံး တစ်ပွဲသရေ ရလဒ်ကို ရရှိထားတာလည်းဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းဟာ ဘာစီလိုနာအသင်းနဲ့ ၇ မှတ်ကွာဟနေခဲ့တာကြောင့် အမှားမခံမယ့်အနေအထားမှာရှိနေတာလည်းဖြစ်ပါတယ်။

ဂီတာဖေးအသင်းရဲ့ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ ရိုဒရီဂွက်၊ မိုလီနာ၊ ဂျီမီနက်၊ ဘာဂါရာ၊ အာရန်ဘာရီ၊ အာမက် တို့ကို ထည့်သွင်းအသုံးပြုသွားဖို့ရှိနေတာလည်းဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ စီရော်နယ်ဒို၊ အဆန်စီယို ၊အစ္စကို၊ မိုဒရစ်၊ တိုနီကရူး၊ ကတ်စမဲရိုး တို့ကို ထည့်သွင်းအသုံးပြုသွားဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။ဂါရတ်ဘေလ်း၊ဘန်ဇီမာ မပါဝင်နိုင်ခဲ့ပေမဲ့ စီရော်နယ်ဒို ဦးဆောင်တဲ့ ရီးရဲလ်တိုက်စစ်ကတော့ ဂီတာဖေးအသင်းကို အမှားမခံပဲ အနိုင်ယူသွားဖို့ရှိနေတာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။