ယနေ့ည ၈ နာရီမှာ ကစားမဲ့ ဘွန်ဒက်လီဂါ ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းဟာ ဖရိုင်းဘတ်အသင်းကို အိမ်ကွင်းမှာ လက်ခံကစားသွားရမှာလည်းဖြစ်ပါတယ်။ဘိုင်ယန်မြူးနစ်အသင်းဟာ နည်းပြအန်ဆယ်လော့တီကို ထုတ်ပယ်ခဲ့ပြီးနောက် သူတို့အသင်းရဲ့ အရင်နည်းပြဟောင်းဖြစ်ခဲ့ဖူးတဲ့ ဂျက်ဟေးနက်ကို ပြန်လည်ကိုင်တွယ်ဖို့တာဝန်ပေးခဲ့တာလည်းဖြစ်ပါတယ်။ဂျက်ဟေးနက် ပြန်လည်ကိုင်ကွယ်မယ့် ပွဲဦးထွက်မှာ ဖရိုင်းဘတ်အသင်းနဲ့ တွေ့ဆုံနေတာလည်းဖြစ်ပါတယ်။

ိဘိုင်ယန်မြူးနစ်အသင်းဟာ ပွဲစဉ် ၇ ပွဲကစားခဲ့ပြီးနောက် ရမှတ် ၁၄ မှာရရှိထားကာ အဆင့် ၂ နေရာမှာ ရပ်တည်နေတာလည်းဖြစ်ပါတယ်။ဇယားထိပ်ဆုံးက ဒေါ့မွန်အသင်းနဲ့ ၅ မှတ်ကွာဟနေတာလည်းဖြစ်ပါတယ်။ဖရိုင်းဘတ်အသင်းကတော့ ၇ ပွဲကစားပြီးချိန်မှာ ၇ မှတ်သာရရှိထားခဲ့ပြီး အဆင့် ၁၅ နေရာမှာ ရပ်တည်နေတာလည်းဖြစ်ပါတယ်။ဆရာနဲ့တပည့်ဟောင်းတွေ ပြန်လည်ပေါင်းစည်းလာခဲ့တဲ့ ပွဲမှာ ဘိုင်ယန်အသင်း ဘာတွေလုပ်ပြနိုင်မလဲဆိုတာတော့ စိတ်ဝင်စားဖို့တော့ကောင်းတယ်ဗျာ။

ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ လီဝန်ဒေါစကီး၊ သောမက်မူလာ၊ရော်ဘင်၊ ဂျိန်းရိုဒရီဂွက် ၊တိုလီဆို၊ ဂျာဗီမာတီနက် တို့ကို ပွဲထုတ်သွားဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။ဖရိုင်းဘတ်အသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ တာရက်ဇီနို၊ ဟာဘာရီယာ၊ ဖလော်ရီယန်၊ စတန်ဇယ်၊ ဖရက်၊ ဟော်ဖလာ၊ ဂန်တာ တို့ကိုထည့်သွင်းအသုံးပြုသွားဖွယ်ရှိနေတာဖြစ်ပါတယ်။ဆရာဟောင်း ဂျက်ဟေးနက်ရဲ့ ပွဲဦးထွက် လှပအောင် တပည့်ဟောင်းတွေကတော့ ဒီပွဲကို အနိုင်ယူပေးသွားဖို့ အဆင်သင့် ရှိနေလောက်ပြီလို့လည်း ထင်မိပါတယ်။ဘိုင်ယန် အနိုင်ပါပဲ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။